ထူးဆန်းသော ကျောက်ခဲ မျက်ရည်ကျသည့် ဝေဒနာအား ယီမင် မိန်းကလေး တစ်ဦး ခံစားနေရ

ယီမင်နိုင်ငံ အနောက်ပိုင်း ဟူဒါအီဒါ ပြည်နယ်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် ငိုကြွေးရာ၌ မျက်ရည်အစား ကျောက်တုံးကျောက်ခဲ လေးများ ၎င်း၏မျက်လုံး အတွင်းမှ ကျလာသောကြောင့် ဆရာဝန် များက အံ့အားသင့်လျက် ရှိကြောင်း သိရသည်။

၎င်းမိန်းကလေး၏ ဖြစ်ရပ်သည် သူမ နေထိုင်ရာ ကျေးလက် ဒေသမှ ဒေသခံများ အတွက် အံ့သြ ထိတ်လန့်ဖွယ်ရာ ဖြစ်နေခဲ့ပြီး သူမ၏ အဖြစ်ကို ပယောဂ သို့မဟုတ် ကူးစက်ရောဂါ စွဲကပ်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ များက ယူဆပြီး ကြောက်ရွံ့ ထိတ်လန့်လျက် ရှိသည်။

ဆာဒီယာဆာလေး ဆိုသူ အဆိုပါ မိန်းကလေး၏ ကျောက်ခဲမျက်ရည် ကျခြင်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆေးပညာ ကျွမ်းကျင်သူ များက ရောဂါ အမျိုးအမည် မတပ်နိုင် သေးဟု ပြောကြားခဲ့သည်။

ဆာဒီယာ၏ မျက်လုံးအိမ်မှ ကျသော ကျောက်ခဲများကို ဘူးတစ်ဘူး ထဲတွင် ထည့်၍ ဆရာဝန် များက သိမ်းဆည်းနေသည့် ဗီဒီယို ဖိုင်ကို ယီမင် နိုင်ငံ၏ Azal ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသ ခဲ့သည်။

ဆာဒီယာသည် ထူးဆန်းသည့် ရောဂါတစ်မျိုး ခံစား နေရခြင်း ဖြစ်နိုင်ကြောင်း အချို့ ဒေသခံ များက ထင်မြင် ယူဆလျက် ရှိပြီး ၎င်းရောဂါသည် ကြောက်မက်ဖွယ် ကောင်းသည့် ကူးစက် ရောဂါပိုး ဖြစ်လာမည်ကို ဒေသခံ အချို့က စိုးရိမ် နေကြကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ