အိန္ဒိယတွင် သင်္ချာ မတွက်နိုင်သည့် ကျောင်းသားငယ် တစ်ဦး ဆရာ၏ ရိုက်နှက်မှုကြောင့် သေဆုံး

အိန္ဒိယနိုင်ငံ ဂျာခန် ပြည်နယ်တွင် ကျောင်းဆရာ တစ်ဦး၏ ရိုက်နှက် ဆုံးမမှုကြောင့် ဆူဂျစ်မန်ဒါ အမည်ရှိ အသက် ရှစ်နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆ မှုသည် ရန်ချီမြို့မှ ၄ဝ ကီလိုမီတာ အကွာ မန်ဒါမြို့ရှိ အစိုးရ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မန်ဒါသည် သင်္ချာ မတွက်ချက် နိုင်ခြင်းကြောင့် အာဆက်ဒ်အန်ဆာရီ အမည်ရှိ ကျောင်းဆရာ တစ်ဦး၏ ရိုက်နှက် ဆုံးမမှုကို ခံရပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ မိဘများက စွပ်စွဲ ပြောကြားထားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်များ အရ သိရသည်။

ဆရာ ဖြစ်သူ၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် မန်ဒါအား ရာဂျန်ဒရာ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ သော်လည်း ၎င်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် သေဆုံး သွားခဲ့ကြောင်း၊ ၎င်းသေဆုံးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင် များက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိပြီး ရိုက်နှက် ခံရမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း တွေ့ရှိပါက ၎င်းကျောင်းဆရာအား ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ