တာရှည် ပင်ပန်းနေသူတို့ အတွက်

ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာ သက်သာအောင် မိမိဘာသာ ပြောင်းလဲ လုပ်ဆောင် သင့်တဲ့ နည်းလမ်းတွေကို အကြံပြု လိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်း စိတ်သက်သာရာ ရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။

၂။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝ အိပ်တာဟာ တာရှည် ပင်ပန်းမှု မဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်း ကောင်းပါ။ အိပ်ချိန် အလုံအလောက် ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ် ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက် လေ့ကျင့်ပါ။

၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့် ပြုလုပ်သွားပါ။ ပုံမှန် အားကစား လုပ်တာဟာ တာရှည် ပင်ပန်း နေတာကို ပြေပျောက် စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေ သလို လုပ်ဆောင်ပေးပါ။

၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ

တချို့ နေ့တွေမှာ ခန္ဓာကိုယ် အင်အားနဲ့ မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။

၅။ ကျန်းမာရေးနဲ့ အညီနေပါ

ကောင်းမွန်တဲ့ အစားအသောက် စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ် မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝ အနားယူပါ။ ကိုယ်လက် လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာ အတွက် အချိန်ပေးပါ။

  မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ