မျက်စိနာခြင်းကို တစ်ချို့ အရပ်အခေါ် မျက်စိကျိန်းနေခြင်းလို့ လည်း
ခေါ်ဝေါကြပါသည် ။ မျက်စိနာခြင်းသည်ကူးစက်တက်သော ဝေဒနာတစ်ခုဖြစ်သော်လဲ
သေချာဂရုတစိုက်ကုသပါက ပျောက်ကင်းစေပါသည် ။ မျက်စိနာတယ် လို့သာဆိုကြပေမယ့်
တကယ်တမ်း ကတော့ မျက်လုံးရဲ့အဖြူရောင် အသား (Sclera)ကို ကာကွယ်
ပေးထားတဲ့အမြှေးပါး အကြည်လေး (Conjunctiva) ရောင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။
မျက်စိနာခြင်း မဖြစ်ပေါ်မိ မျက်စိတွေယားယံလာတတ်ပြီး မျက်ရည်လည်သလို
့ဖြစ်လာသည့်အခါ လက်ဖြင့်ပွတ်ခြင်းလုပ်ဆောင်လုပ်ကြပါတယ်
အဲဒီလုပ်ဆောင်ချက်ကိုရှောင်ကြဉ်ရပါလိမ့်မည် ။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေထဲ
အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး တချို့ကြောင့် ဖြစ်ရတာဖြစ်
ပြီး ဘက်တီးရီးယား ကြောင့် ဖြစ်ရတာလည်း ရှိပါတယ်။
။လက်ဖြင့်ပွတ်လိုက်ခြင်းကြောင်း ပိုမိုဆိုးရွားတက်သလို
့ဗိုင်းရပ်စ်အနာရောဂါပိုးများလည်း
အလွယ်တစ်ကူဝင်ရောက်နိုင်သောကြောင့်ဖြစ်ပါသည် ။
မျက်စိဝေဒနာ
စတင်ခံစားဖြစ်ပေါ်ခြင်းမှာ မျက်သားနီခြင်းနှင့်အတူ
မျက်ခွံများရောင်ကိုင်းလာခြင်း ၊ မျက်ရည်လည်ခြင်း ၊ မျက်ချေးထွက်လာခြင်း
နှင့်အတူ မျက်စိယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ပေါ်လာပါသည် ။
မျက်စိနာခြင်းကြောင့် လူအသက်အန္တရာယ်မဖြစ်ပေမဲ့ ပေါ့ရော့စွာမနေဘဲ
သေချာကုသသင့်ပါသည် ။ မျက်စိသည့် အလွန်ပင်နှနယ်သောကြောင့် အထူးအရေးကြီးပါသည်
။ သင့်အနေဖြင့် မျက်စိနာခြင်း ခံစားနေရတာ ငါးရက် ကျော်သွားရင်
ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု
ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။
မျက်စိနာခဲ့လျှင်
အလွယ်တစ်ကူ မိမိတို့ အနေဖြင့် မျက်စဉ်းရည်လုပ်ဆောင်ခပ်လေ့ရှိခြင်းကို
ရှောင်ကြဉ်ပါ ။ မျက်စိနာခြင်းဖြစ်ပေါ်သူတစ်ယောက်အနေဖြင့် မိမိသုံးစွဲသော
မျက်နှာသုတ်ပဝါဖြင့် မျက်စိတို့ ကိုပွတ်ခြင်း သုတ်ခြင်း မလုပ်ဆောင်ဘဲ
တစ်ခါသုံး တစ်ရှူးကိုသုံးစွဲအသုံးပြု့ ခြင်း သို့ တည်းမဟုတ် သန့် ရှင်းသော
လက်ကိုင်ပုဝါသန့် သန့် သုံးစွဲပေးပါ ။
မျက်စိ နာနေတဲ့အချိန်မှာ
အရက်သေစာ သောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊
မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊
စူးရှသောအလင်းရောင်များကို အချိန်ကြာမြင့်စွာကြည့်ခြင်း( ဥပမာ တီဗွီ ၊
ကွန်ပြူတာ ) ၊ စာအုပ်စာပေဖတ်ခြင်း ရှောင်ကြဉ်သင့်သလို
့ဖုံများသောလုပ်ငန်းခွင် အရပ်ဒေသများကို သွားရောက်ခြင်းမပြု့ လုပ်ဘဲမိမိ
မျက်စိကို လုံးဝ အနားပေးရန်တို့ ဖြစ်ပါသည် ။
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
မျက်စိနာခြင်း အကြောင်း
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin