ကံမမြို့နယ်တွင်မီးလောင်ကျွမ်းမှုကြောင့်နေအိမ်ငါးလုံးဆုံးရုံး

ကံမ ဖေဖေါ်ဝါရီ ၈

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာ ကံမ-ပြည်ကား လမ်းပေါ်ရှိ သစ်မယ်ဇီကျေးရွာ အုပ်စုဒါန်းကိုင်းကျေးရွာ တွင်ဖေဖေါ်ဝါရီ ၈ ရက်နံနက် ၂နာရီကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၅ လုံးလောင်ကျွမ်းခဲ့ပြီး ကျေးရွာအုပ်စုမှ ပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်နေစဉ် မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးငြှိမ်း သတ်ယာဉ် ရောက်ရှိလာပြီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်း သွားသောနေအိမ်များမှာ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း နှစ်ထပ်အိမ်များဖြစ်ပြီး အိမ်ထောင်စု ၅ စု နှင့်လူဦးရေ ၂၅ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါလောင်ကျွမ်းမှုမှာ ဦးဇော်ခင်(၃၈)နှစ်၏ နေအိမ် မီးဖို မီးကျွင်း မီးကျန်မှတဆင့် ပေါ့ဆမီးအဖြစ် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းမှ ပ(၈)/၂၀၁၄ ၊ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ