အနုပညာအလုပ်တွေပြန်ပြီးတော့ လုပ်ကိုင်သွားတော့မယ့် မော်ဒယ်လ် သရုပ်ဆောင် ချစ်စု

ချစ်စရာကောင်းတဲ့ ပါးချိုင့်အလှလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်၊သရုပ်ဆောင် ချစ်စုကို လတ်တလော သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်ဖြစ်နေတယ် ဆိုတာကို မေးမြန်းဖြစ်ခဲ့တဲ့အခါ

သူမက ‘ချစ်စုလတ်တလောမှာတော့ hello music သင်္ကြန်အခွေမှာ ဆိုထားပါတယ်။ အခုလို သီချင်းဆိုဖြစ်သွားတာကတော့ ပထမတော့ ကိုယ်က သရုပ်ဆောင်လုပ်နေတာဆိုတော့ ဒီအဆိုလိုင်းဘက်ကို ဝင်ဖို့အစီအစဉ်တော့ သိပ်မရှိဘူးပေါ့။ ဒါပေမဲ့ အဆိုကိုလုပ်ကြည့်ချင်တာလည်း ပါတယ်။ ကိုယ့်ကိုလည်း အားပေးတဲ့သူကလည်း အားပေးတယ်။ အဲဒီလို တွန်းအားတွေကြောင့်လည်း ပြန်ဆိုဖြစ်သွားတာပါ။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ မဂ္ဂဇင်း၊ photo ပိုင်းလောက်ပဲရှိတယ်။ ဗီဒီယိုလောကထဲ ခြေနင်းဖို့တော့ မရှိသေးပါဘူး။ ချစ်စုရဲ့ အိမ်ထောင်ရေးကလည်း အေးဆေးပါပဲ။ ကလေးလည်းရသွားပြီဆိုတော့ သိပ်ပြီးတော့လည်း ခရီးအဝေးတွေ မသွားဖြစ်တော့ဘူး။ အနုပညာအလုပ်တွေကိုလည်း ပြန်ပြီးတော့ လုပ်ကိုင်သွားဖို့ အစီအစဉ်တွေရှိတယ်။ အဲဒါကြောင့်ပြန်ပြီးတော့ ဝိတ်ချနေတယ်ပေါ့နော်။ အခု လောလောဆယ်မှာတော့ ပရိသတ်တွေကို အဆိုပိုင်းနဲ့ချပြပေးချင်ပါတယ်။ ချစ်စုကြိုးစားပြီးတော့ ဆိုထားပါတယ်။ valentine အတွက် အတွဲအခွေလေးမှာ ချစ်စုဆိုထားတာရှိပါတယ်။ ပရိသတ်ကြီးက ချစ်စုကိုပြန်ပြီးတော့ အားပေးကြပါလို့။ ဒီအချိန်မှာ ချစ်စုက အရမ်းကို စိတ်အားငယ်နေရတယ်။ ဒီအချိန်မှာ ကိုယ်က အသစ်တစ်ယောက်လို ပြန်ဖြစ်နေတယ်ဆိုတော့ တော်တော်ကြီး အားပြန်မွေးနေရပါတယ်။ ကြိုးလည်း ကြိုးစားထားပါတယ်။ ဒါကြောင့်ပရိသတ်တွေရဲ့ အသိအမှတ်လည်း ပြုစေချင်ပါတယ်။’လို့ ဖွင့်ဟသွားပါတယ်။

Trend Mynmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ