ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေ ဆေးလိပ်ဖြတ်ဖို့ အကြောင်းရင်းတစ်ခု
ရလာပါပြီ။ လေ့လာမှုသစ်တစ်ရပ်အရ ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း နဲ့
ဆေးလိပ်သောက်တာအကြား ဆက်စပ်မှုတစ်ရပ် ရှိနေပါတယ်။
ဒီသုတေသနရပ်ကို ၀ါရှင်တန်ပြည်နယ်၊ Seattle ဆိပ်ကမ်းမြို့ Hutchinson
ကင်ဆာသုတေသနစင်တာ ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀-၄၄ကြား ကင်ဆာရောဂါသည်
အမျိုးသမီးတွေကို ၂၀၀၄ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း လေ့လာခဲ့တာဖြစ်ပါတယ်။
estrogen receptor-positive မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၇၇၈ယောက်နဲ့
triple-negative မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၁၈၂ယောက် တို့ရဲ့
သုတေသနရလဒ်တွေကို ကင်ဆာကင်းမဲ့သူ အမျိုးသမီး ၉၃၈ ယောက်နဲ့
နှိုင်းယှဉ်လေ့လာခဲ့တာပါ။
သုတေသနရပ်ကို ဒေါက်တာ Christopher Li
ကဦးဆောင်ခဲ့ပါတယ်။ ဆေးလိပ်တစ်နေ့ တစ်ဗူးနှုန်းနဲ့ ဆယ်နှစ်အနည်းဆုံး
သောက်လာတဲ့ အမျိုးသမီးတွေဟာ estrogen receptor-positive မူကွဲ
ရင်သားကင်ဆာဖြစ်ဖို့ ၆၀ရာခိုင်နှုန်း ဖြစ်နိုင်ခြေမြင့်သွားတာကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးလိပ် တစ်နေ့တစ်ဗူးနှုန်းထက် လျော့သောက်တဲ့
အမျိုးသမီးတွေဟာတော့ ၁၅နှစ်ကြာတဲ့အခါ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း
၅၀ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ တစ်ခါတစ်လေ အပျင်းပြေ
ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေဟာတော့ ဘယ်ရင်သားကင်ဆာအမျိုးအစားမဆို
ဖြစ်ပွားနိုင်နှုန်း ၃၀ရာခိုင်နှုန်း မြင့်တက်သွားပါလိမ့်မယ်။
ဒါပေမဲ့ ပိုခံရခက်ပြီး ရှားပါး ရင်သားကင်ဆာ မူကွဲဖြစ်တဲ့ triple-negative
ရင်သားကင်ဆာမျိုးကိုတော့ ဆေးလိပ်သောက်သူတွေမှာ ဖြစ်ပွားတာ မတွေ့ရပါဘူး။
Trend Myanmar
ဆေးလိပ်သောက်သူ အမျိုးသမီးများ ရင်သားကင်ဆာ သတိထား
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin