သစ်ကုလားအုတ်ကိုသတ်ပြီး ခြင်္သေ့စာကျွေးမှု အပြင်းအထန် ဝေဖန်

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က တိရစ္ဆာန်ရုံမှာ ကျန်းမာဆဲ ၁ နှစ်ခွဲသား သစ်ကုလားအုတ်တကောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ သတ်ဖြတ် ခုတ်ထစ်ပြီး ခြင်္သေ့တွေကို ကျွေးခဲ့လို့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်နေပါတယ်။

တိရစ္ဆာန်ရုံ အာဏာပိုင်တွေကတော့ ဝေဖန်ချက်တွေကို လျစ်လျူရှုထားပါတယ်။

မားရိယပ်စ်လို့ ခေါ်တဲ့ သစ်ကုလားအုတ်လေးကိုကယ်ဖို့ လှုပ်ရှားမှုတွေ လုပ်နေတဲ့ကြားက ကိုပင်ဟေဂင် တိရစ္ဆာန်ရုံမှာ ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

တိရစ္ဆာန်ရုံထဲမှာ နေရာမရှိတဲ့အပြင် ဥရောပသမဂ္ဂရဲ့ သားပေါက်နှုန်း ထိန်းချုပ်ရေး စည်းမျဉ်းအရ ကျန်းမာတဲ့ သစ်ကုလားအုတ်အရေအတွက်ကို သေချာအောင် လုပ်ဖို့ ခုလို လုပ်တာလို့ တိရစ္ဆာန်ရုံက ပြောပါတယ်။

သစ်ကုလားအုတ်ကို သတ်ဖို့ စီမံကိန်းဟာ ဒိန်းမတ်နဲ့ တခြားနိုင်ငံတွေက တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကြား အုန်းအုန်းကျွက်ကျွက် ဖြစ်စေခဲ့တာပါ။

ဗြိတိန် တိရစ္ဆာန်ရုံက မောရစ်ယပ်စ်အတွက် နေစရာ ပေးဖို့ ကမ်းလှမ်းခဲ့ပြီး အင်တာနက်ပေါ်မှာ လက်မှတ်ပေါင်း ၂ သောင်းခွဲ ကောက်ခံ အသနားခံခဲ့ပါတယ်။

By ဒီဗွီဘီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ