နေခြည်ဈေး ရေတွင်းပျက်အတွင်း ခုန်ချသူ အသက်ဘေးမှ ကံကောင်းစွာ လွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ် နေခြည်ဈေး မြောက်ဘက် နာရီစင်အနီး ရေတွင်းပျက် အတွင်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က ခုန်ချရာ အသက်မသေဘဲ ကံကောင်းစွာ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည်။

မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် ရွှေဘုံသာ ကမ်းနားလမ်းနေ ကိုစန်းဝင်း (ခ) စန်းပုအသက်(၄၅)နှစ်(ဘ)ဦးအေးရွှေသည် နေခြည်ဈေး မြောက်ဘက် နာရီစင်အနီး ပေ(၃၀)အနက်ရှိသည့် ရေတွင်းပျက်ထဲသို့ ခုန်ချခဲ့သည်။

ဖြစ်လျှင်ဖြစ်ချင်း တယ်လီ ဖုန် ဖြင့် မီးသတ်တပ်ဖွဲ့သို့ သတင်းပေးပို့သဖြင့် မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေတွင်းအတွင်းသို့ဆင်း၍ ကယ်ဆယ် ခဲ့သဖြင့် အသက်မသေခဲ့ကြောင်း၊ အဆိုပါ ကိုစန်းဝင်းမှာ စိတ်မနှံ့သူ တစ်ဦးဖြစ် သည်ဟု မီးသတ်တပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ