ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူအား ယာဉ်တိုက်မိသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

၈.၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းအတိုင်း ယာဉ်မောင်း ထက်နိုင်လင်း(ဘ)ဦးဇော်မင်းဦး၊ဗဟန်းမြို့နယ် နေသူ မောင်းနှင်လာသော ၁ခ/---- မတ်တူးခဲ့ရောင်ယာဉ်သည် သစ္စာလမ်းဆုံမီးပွိုင့်အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ ပလက်ဖောင်းပေါ်သို့ရောက်ရှိသွားသဖြင့် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူ အမည်မသိ၊ အသက်(၂၀)နှစ်ခန့်ရှိအမျိုးသားတစ်ဦး
ကို တိုက်မိပြီးဓါတ်တိုင်နှင့် သစ်ပင်တို့အားဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်ဓါတ်တိုင်တို့ပျက်ဆီးခဲ့ပြီး ယာဉ်တိုက်ခံရသူ တွင် ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ် တို့၌သွေးထွက်ဒဏ်ရာများ၊ ၀မ်းဗိုက် ပွန်းခြစ်၊ ခြေသလုံးဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး
သွားသောကြောင့် ယာဉ်မောင်းထက်နိုင်လင်းအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ