နေပြည်တော်မှာ အရှိန်မထိန်းနိုင်၍ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်အချိန် နေပြည်တော်၊ ဥတ်္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁၂/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းရွာနေ စည်သူဝင်း(၂၄)နှစ်မောင်းနှင်လာသော ၉ဂ/xxxx ““အရိန္ဒမာ”” ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲလမ်းယာဘက်ဘေးတွင် ကာရံထားသောသံဇကာများအား ၀င်ရောက်တိုက်မိကာ ထိုးကျတိမ်းမှောက် ခဲ့ကြောင်းသိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၄၄)ဦးအနက် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ရွာသာအေးရွာနေ ဦးဒိုဒို(၇၀)နှစ်ပါ (၆)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ဦးခေါင်းပိန်ချိုင့်၊ ၀ဲဘက် ဘော်ဒီပိန်ချိုင့်၊ ၀ဲပြတင်းမှန်(၆)ချပ်ကွဲ ကရောင်းကြေမွပျက်စီး၊ တန်းဘိုးငွေကျပ်သိန်း(၃၀)ခန့် ပျက်စီး ဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စည်သူဝင်းအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ