နွားလှည်းကြိတ်မိ၍ လူတစ်ဦး သေဆုံးမှု သန်လျင်မြို့ နယ်တွင် ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

နွားလှည်းကြိတ်မိ၍ လူတစ်ဦးသေဆုံးမှု သန်လျင်မြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတိုင်းရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် ၀၁း၁၅ အချိန် ဒုရဲအုပ်ကျော်ညွှန့် (သပြေရဲကင်းစခန်း၊ သန်လျင်) စခန်းမှုးတာဝန် ထမ်းဆောင်နေစဉ် သန်လျင်မြို့ နယ် ပုဂံကျေးရွာ၊ ကွင်းအမှတ်(၇၂၀/ဘီ) ဦးပိုင်အမှတ်(၇၂)ရှိ ဦးနိုင်ဝင်းဧ။် လယ်ကွက်အတွင်းတွင် နွားလှည်း ကြိတ်သေဆုံးနေကြာင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးရဲအောင်(၅၁)နှစ် ပုဂံကျေးရွာ သန်လျင်မြို့ နယ်နေသူဖြစ်ပြီး ၄င်းသည် ပဲစင်းငုံခြွေလှေ့ စက်တပ်ဆင်ထားသောနွားလှည်းအားမောင်းရာ ၂၃.၂.၁၄ နေ့  ည၂၃း၃၀ အချိန် တွင်နွားလှည်းပေါ်မှ ပြုတ်ကျပြီးနွားလှည်းကြိတ်မိသဖြင့် ဦးရဲအောင်တွင် ၀ဲချိုစောင်း ပေါက်ပြဲ၊ ယာမျက်လုံးဘေးပွန်း၊ ယာပေါင်ရင်းဖူးရောင်၊
ယာဒူးပွန်းဒဏ်ရာတို့ ဖြင့်သေဆုံးကြောင်း သိရသည်။

ယင်းသေဆုံးမှုကြောင့် နွားလှည်းအား ပေါ့ဆစွာမောင်းနှင်သူ ဦးရဲအောင်အားသန်လျင် မမစ(ပ)၁၂၀/၁၄၊ပြစ်မှုပုဒ်မ-၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။

ဇေဝေယံ
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ