ဘော်ဘီဖောက်စ်နှင့်အတူ စုံတွဲသီချင်းတစ်ပုဒ် သီဆိုမည့် မီရန်ဒါကားရ်

မီရန်ဒါကားရ်က သူမအနေဖြင့် မော်ဒယ်လ်ဘဝမှ ခေတ္တခွဲထွက်မှုအဖြစ် သီချင်းတစ်ပုဒ်ကို အသံသွင်း သီဆိုသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အသက်(၃၀) အရွယ်ရှိ ဩစတြေးလျ စူပါမော်ဒယ်လ်က Jersey Boys အဖွဲ့သား ဘော်ဘီဖောက်စ်နှင့် တွဲဖက်ပြီး စုံတွဲသီချင်းတစ်ပုဒ် အသံသွင်းထားကြောင်း အတည်ပြုခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် အလှမယ်ဟောင်း တစ်ဦးလည်းဖြစ်သည့် မီရန်ဒါက သူမအနေဖြင့် ယခုသီချင်းအတွက် အပျော်သဘောသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကွင်းများနှင့် ဖက်ရှင်လျှောက်လမ်းများကို ကျောခိုင်းကာ Popဂီတစတားတစ်ဦး ဖြစ်လာရန် စိတ်ကူးထားခြင်း မရှိကြောင်းလည်း ဆိုသည်။

"ကျွန်မက သီချင်းဆိုနေကျပါ။ ဒါပေမဲ့ ရေချိုးခန်းထဲမှာပဲ။ ခုတော့ ဘော်ဘီက ကျွန်မကို သူနဲ့အတူ စုံတွဲသီချင်းတစ်ပုဒ် ဆိုပေးဖို့ သိမ်းသွင်းလိုက်တယ်လေ"ဟု မီရန်ဒါက ပရိသတ်များကို Twitterမှတစ်ဆင့် အသိပေးခဲ့သည်။ ပရိသတ်များက သူမအနေဖြင့် အဆိုတော်ဘဝကို ကူးပြောင်းခံယူရန် ဆန္ဒရှိမရှိ မေးမြန်းကြသည့်အခါ မီရန်ဒါက "မဟုတ်ပါဘူး။ အလုပ်အကိုင် ပြောင်းလဲသွားတာ မဟုတ်ဘူး။ အပျော်သဘော သက်သက်ပါ"ဟု ဖြေကြားခဲ့သည်။ မီရန်ဒါနှင့် ဘော်ဘီတို့သည် အဲလ်ဗစ်ပရက်စ်လေနှင့် အန်းမာဂရက်တို့၏ You're The Boss သီချင်းကို ဆန်းသစ် သီဆိုမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ ဘော်ဘီသည် အဆိုပါ စုံတွဲသီချင်းအတွက် ရည်ရွယ်ရိုက်ကူးထားသည့် ၎င်းနှင့် မီရန်ဒါတို့၏ ပုံကိုလည်း Instagramတွင် မျှဝေခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ