ဆင်းကဒ်ထည့်သုံးလို့ရမယ့် Sony ရဲ့  Mini-Tablet

Sonxy Xepria Ultra လို့အမည်ပေးထားတဲ့ ၆.၄၄ လက်မ အရွယ် မီနီတေ့ဘလတ်ကို Sony တို့ ထုတ်လုပ် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းလိုလည်း အသုံးပြုလို့ရမယ့် ရေစိုခံ ကျောက်သင်ပုန်းကွန်ပြူတာ အမျိုး အစား ဖြစ်ပါတယ်။

Snapdragon 800 processor ကို အသုံးပြုပြီး RAM 2GB ပါဝင် ပါတယ်။ ဘက်ထရီက 3050 mAh ရှိပါတယ်။ GPS, Bluetooth 4.0 ပါဝင်ပြီး NFC, 4G/LTE connectivity တို့ ရရှိအုံးမှာ ဖြစ်ပါတယ်။ ရေစိုခံ အကြမ်းခံ Phablet ဖြစ်ပါတယ်။ Phablet လို့လည်း မဆိုထား ပါဘူး။ Min Tablet လို့အမည်ပေးထားပြီး ကျောက်သင်ပုန်း အငယ်စား အဖြစ် ထွက်ရှိလာမယ့် ပစ္စည်း ဖြစ်ပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိမယ်ဆိုတာ မကြေညာရသေးပါဘူး။ Xperia Z Ultra ကို လာမယ့် ဖေဖော်ဝါရီလ Mobile World Congress မှာ ဝင်ရောက်ပြသပြီး ၂၀၁၄ နှစ်လယ်မတိုင်မှီ ဈေးကွက် ဖြန့်ချိမယ့် Sony Tablet အသစ် ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Smart Pro Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ