လင်မယားစကားများရာမှ ဓါးဖြင့်ခုတ်၍ ဇနီးသေဆုံး

နေပြည်တော်၊ ဇန်န၀ါရီ ၂၀

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှ ဇောင်းချမ်းကုန်းကျေးရွာတွင် ဓါးခုတ်မှု ဖြစ်ပွားကြောင်း သတင်းပေးပို့သဖြင့် လယ်ကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဇောင်းချမ်းကုန်းကျေးရွာနေ မြင့်ဦး(၄၂)နှစ်နှင့် မခင်မိုး(၃၈)နှစ်တို့ လင်မယား(၂)ဦးသည် ဇောင်းချမ်းကုန်းရွာတောင်ပိုင်းရှိ အဒေါ်တော်စပ်သူ မ၀င်း၏ နေအိမ်ဝန်းအတွင်းနေထိုင်၍ အလုပ်လုပ်ကိုင်နေစဉ် အိမ်ထောင်ရေးကိစ္စပြောဆိုရာမှ စကားများ ရန်ဖြစ်ကာ မြင့်ဦးမှဇနီးဖြစ်သူ မခင်မိုးအား ထင်းခုတ်ဓါးမဖြင့်ခုတ်သဖြင့် မခင်မိုးတွင် ယာနားထင်ပြတ်ရှ ဒဏ်ရာ(၃)ချက်၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲတံတောင်ဆစ်ပြတ်ရှဒဏ်ရာ(၃)ချက်၊ ၀ဲဒူးအထက်ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် ယာခြေမပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးသွားသောကြောင့် မြင့်ဦးအား လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ