အာဂျင်တီးနားတွင် ရေဆင်းကူးသူများကို ပရန်းညားငါးအုပ်များ တိုက်ခိုက်

ဒီဇင်ဘာလ အတွင်းက လူပေါင်း(၇၀)ကျော် ပရန်းညား ငါးအုပ်များ တိုက်ခိုက်ခံရသည့် မြစ်အတွင်း၌ပင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဟု ဆိုသည်။

အာဂျင်တီးနား နိုင်ငံတွင် အလွန်အပူချိန် မြင့်မားနေခိုက် ရေဆင်းကူးသူများကို သားစား ပရန်းညား ငါးများက တိုက်ခိုက်သဖြင့် လူ(၁၀)ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ အတွင်းက လူပေါင်း(၇၀)ကျော် ပရန်းညား ငါးအုပ်များ တိုက်ခိုက်ခံရသည့် မြစ်အတွင်း၌ပင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဟု ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အပူအချိန် (၄၁)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေခဲ့ပြီးနောက် ရိုဆာရီရိုရှိ ပါရာနာမြစ်ထဲတွင် လူအများ ရေဆင်းကူးခဲ့ကြသည်။ ထို့နောက်တွင်မူ Palometasခေါ် ပရန်းညား ငါးမျိုးစိတ် တစ်ခု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြခြင်း ဖြစ်သည်။ ကမ်းပေါ်သို့ လူအများ မြန်မြန်ဆန်ဆန် ပြေးတက်လာသဖြင့် (၁၀)ဦးမျှသာ ဒဏ်ရာ ရခဲ့ခြင်းလည်း ဖြစ်သည်။

ဗျူနိုအေးရီးစ် မြို့တော်နှင့် (၁၈၆)မိုင်မျှ ကွာဝေးသည့် ရိုဆာရီရိုတွင် ရေချိုးဆိပ်များရှိပြီး ယင်းမြစ်ထဲ၌ ပရန်းညားငါးများ လှည့်လည်ကျက်စားမှုနှင့် ကြုံနေရခြင်း ဖြစ်သည်။ ဒီဇင်ဘာလ နှောင်းပိုင်းကလည်း အလားတူ အခြေအနေမျိုး ကြုံခဲ့ရဖူးသေးသည်။ ထိုစဉ်က တိုက်ခိုက်မှုတွင် (၇)နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်ချောင်းလေးတစ်ချောင်း ဆုံးရှုံးသွားခဲ့ပြီး ရေကူးသူ အများအပြား ခြေကျင်းဝတ်နှင့် လက်များတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြသည်။ (၂၀၀၈)ခုနှစ်ကလည်း ရိုဆာရီရိုတွင် ပရန်းညားငါးများ ကိုက်ခဲမှုကြောင့် လူပေါင်း(၄၀)ကျော် ဒဏ်ရာများ ရရှိခဲ့ဖူးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ