ဝင်းဂါးကို ဆက်လက် ထိန်းသိမ်းထားရန် အာဆင်နယ် အလေးအနက် လုပ်ဆောင်လာ

အာဆင်နယ် အသင်းပိုင်ရှင် စတန်ခရွန်ကီသည် ယခုအခါ လန်ဒန်မြို့သို့ ရောက်ရှိနေပြီး ပြင်သစ်သား မန်နေဂျာကြီးအား (၃)နှစ် သက်တမ်းတိုးရေး ဆွေးနွေးမှုကို အပြီးသတ်ရန် စီစဉ်နေသည်။

အာဆင်နယ် အသင်းသည် မန်နေဂျာ အာစင်ဝင်းဂါးကို ဆက်လက် ထိန်းသိမ်းထားရေးအတွက် အလေးအနက် ကြံစည် လုပ်ဆောင်နေပြီ ဖြစ်သည်။ အာဆင်နယ် အသင်းပိုင်ရှင် စတန်ခရွန်ကီသည် ယခုအခါ လန်ဒန်မြို့သို့ ရောက်ရှိနေပြီး ပြင်သစ်သား မန်နေဂျာကြီးအား (၃)နှစ် သက်တမ်းတိုးရေး ဆွေးနွေးမှုကို အပြီးသတ်ရန် စီစဉ်နေသည်။ အာဆင်နယ်၏ ရှယ်ယာများကို အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် ခရွန်ကီသည် စနေနေ့က ဖူလ်ဟမ်အသင်းကို အနိုင်ရသည့် ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီး ဝင်းဂါးကိုလည်း စာချုပ်သစ်ကိစ္စအတွက် စတင် ဆွေးနွေး စကားပြောခဲ့သည်။

ထို့အပြင် အသင်းအမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝင်းဂါး၏ စာချုပ်သက်တမ်းသည် ရာသီကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး ၎င်းက စာချုပ်သစ်အတွက် အလောတကြီး မစဉ်းစားသေးဟု ဆိုသည်။ ယခုအခါ ဂါဇီဒစ်သည် (၃)နှစ်အတွက် ပေါင်စတာလင် (၂၄)သန်းမျှ တန်ကြေးရှိမည့် စာချုပ်တစ်ရပ်ကို ဝင်းဂါးအတွက် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဟု ဆိုသည်။

လတ်တလောတွင် ဝင်းဂါးသည် အာဆင်နယ်ကို တိုက်စစ်ပိုင်း အားဖြည့်ရန် ကြိုးစားနေပြီး ရှော်လ်ကေးမှ ဂျူလီယန် ဒရိုက်ဆလာ၊ အက်သလက်တီကို မက်ဒရစ်မှ ဒီယေဂိုကော်စတာနှင့် ပေါ်တိုမှ ဂျက်ဆင်မာတီနက်ဇ်တို့ကို ချိတ်ဆက်လျှက် ရှိသည်။ ဝင်းဂါးက ဇန်နဝါရီ ဈေးကွက်ကာလတွင် အသင်းအနေဖြင့် တိုက်စစ်မှူးသစ် တစ်ဦးကို ဝယ်ယူရန် အားထုတ်ဖွယ် ရှိနေကြောင်း ဝန်ခံထားသည်။ "စိတ်ကူးအရတော့ ကျွန်တော်တို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ဖြစ်နိုင်ပါတယ်။ လက်တွေ့မှာတော့ တစ်ယောက်ယောက်ကို တိတိကျကျ ရှာမတွေ့နိုင်သေးဘူး"ဟု ၎င်းက ပြောကြားသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ