ကော့သောင်းမြို့တွင် ရဲအရာရှိတစ်ဦး ရေကန်အတွင်ပြုတ်ကျသေဆုံးခြင်း

ကော့သောင်းမြို့ ၊ အေးမြကန်သာရပ်ကွက် ၊  မြို့ ရေပေးဝေရေး  ရေကန် တစ်ခုအတွင်း ကော့သောင်း ၊ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ ၀န်ထမ်း ၊ ရဲအုပ် စိုးမင်း  ဆိုသူ ပြုတ်ကျ  သေဆုံးမှု ဖြစ်စဉ် တစ်ခု ဇန်န၀ါရီ ၁၅ ရက် နံနက် ပိုင်း ကဖြစ်ပွားကြောင်းသိရသည်။

သေဆုံးသူ  ရဲအုပ်စိုးမင်း သည် အရက်အလွန်အကျွန်သောက်တတ်သူ ဖြစ်ရာ ကျန်းမာရေးမကောင်းသဖြင့်   ခရိုင်  ၊ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ဆေးဝါးကုသမှု ခံယူ နေရသူဖြစ်ပြီး မသေဆုံးမှီ  ညပိုင်းတွင် ဆေးရုံမှ ပျောက်ဆုံး သွား သဖြင့် တာဝန်ရှိသူများ မှ လိုက်လံရှာဖွေ  ရာ နောက်တစ်နေ့ နံနက်ပိုင်း  တွင်  အေးမြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး အရှေ့ ရေကန် အတွင်းသို့ ကျရောက် သေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူ ရဲအုပ် စိုးမင်း သည် အရက် ကြောင် ပြီး ခြေဦးတည့်ရာ ညနက်သန်းခေါင် ထွက်လာမိသဖြင့် ရေကန်အတွင်း ပြုတ်ကြသေဆုံးခြင်းဖြစ်မည် ဟု အေးမြကန်သာရပ်ကွက်နေ ဦး……..မှ မှတ်ချက်ပြုသည်။

ကော့သောင်းသတင်းသမား

by Thit Htoo Lwin

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ