ဦးခေါင်းနှစ်လုံးပါ ထူးဆန်းသောဆိတ် တစ်ကောင်ပေါက်ဖွားခြင်း


တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့ ၊ အေးရိပ်ငြိမ်ရပ်ကွက် သန်းဖြိုးသူလျှပ်စစ်ဓါတ်အားပေး စက်ရုံ အနီး နေထိုင်သည့်  ဦးမြင့်စိုးဦး  နေအိမ် ၌ မွေးမြူထားသည့် မိခင် ဆိတ်မကြီးတစ်ကောင် မှ  ဇန်န၀ါရီ ၁၅ ရက် နေ့နံနက်ပိုင်း  က ထူးဆန်း သည့် ဦးခေါင်း နှစ်လုံးပါ ဆိတ် ကလေး တစ်ကောင် ပေါက် ဖွား ခဲ့ သည်။

ထူးဆန်းသည့် ဦးခေါင်း နှစ်လုံးပါ  ဆိတ် ကလေး  တွင်      ဦးခေါင်း (၂) လုံး ပါရှိ ရာတွင် ပုံမှန်
နားရွက်အကြီး (၂)  ခုနှင့် အရွယ်သိမ် နားရွက်ငယ်(၂)ခု  ပါရှိ ပြီး  မျက်စိ (၄)လုံး ၊ ပါးစပ် (၂) ပေါက် ၊ ခြေလက် (၄)ဖက်  နှင့် ကျန် ကိုယ် အင်္ဂါ အစိတ်အပိုင်းများ သည် ပုံမှန် ဆိတ်တစ်ကောင်၏ အနေအထား
အတိုင်း ထူးဆန်းစွာ မွေးဖွါး ခဲ့ခြင်းဖြစ် သည် ။

ယခုအခါ  မိခင် ဆိတ်မကြီး နှင့် ဆိတ် ကလေး  ပါ ကျန်းမာလျှက် ရှိ ရာ ထိုထူးဆန်းစွာ ပေါက်ဖွါး လာသည့် ဆိတ်ကလေး အား မြို့ ခံပြည်သူများ တဖွဲဖွဲ လာရောက်ကြည့်ရှု့ ကြသ ဖြင့် စည်ကားလျှက်ရှိကြောင်းသိရှိရသည်။

ကော့သောင်းသတင်းသမား

by Thit Htoo Lwin

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ