ပထမဆုံး ဇာတ်လမ်းတွဲနဲ့ အေးမြတ်သူ

ပထမဆုံး ဇာတ်လမ်းတွဲနဲ့ အေးမြတ်သူဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးနေတဲ့ ‘ဝါစိမ်းနီ ကမ္ဘာသိမ်းမည်’ ဇာတ်လမ်းတွဲမှာ အေးမြတ်သူက ပါဝင် ရိုက်ကူးနေ ပါတယ်။ အခုလို မျိုး စီးရီးလိုက် ဇာတ်လမ်းတွဲ ရိုက်ရတာ ပထမဦးဆုံးရိုက်ကူးရတာဖြစ်တယ် လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ ဇာတ်လမ်း ရိုက်ကူးမှု ကွာခြားပုံကို အေးမြတ်သူက..

”အခုလိုမျိုး စီးရီးလိုက် ရိုက်ဖြစ်တာက ဒီဇာတ် ကားလေးက အေးမြတ်သူအတွက် ပထမဆုံး ဇာတ်ကားလေး ဖြစ်တယ်။ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်တဲ့ အခါမှာ သုံးနာရီစာ ကြည့်ရအောင်ပဲ ရိုက်ရတယ်။ စီးရီးရိုက်ရ တာကျတော့ ဒီဇာတ်လေးကို ပရိသတ်က ကြည့်ချင်တဲ့ စိတ်ဖြစ်ပြီး မျှော်တလင့်လင့် ဖြစ်နေအောင် ရိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒါကတော့ ဒါရိုက်တာပိုင်းနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ အေးမြတ်သူ ခံစားကြည့် တာကတော့ စီးရီးက တစ်နာရီစာပဲ ပြပြသွား မှာဖြစ်တဲ့ နောက်ဘာဖြစ်မှာလဲ ဆိုတဲ့ ဆက်ကြည့်ချင်အောင် ဆွဲဆောင်မှုရှိတယ်။ ကိုယ့်ရဲ့အစီအစဉ်လေးကို ပရိသတ်က စောင့်ကြည့်နေမယ်။ ကိုယ့်ဘက်ကလည်း ပထမဦးဆုံး စီးရီး ရိုက်ရတာ ဖြစ်တယ်။ အဲဒီအတွက်လည်း ပါဝင်ပြီး သရုပ်ဆောင် ရတဲ့ အတွက်လည်း ပျော်ပါတယ်။ အတတ်နိုင်ဆုံး ပီပြင်အောင် ပရိသတ်တွေ ကြိုက်နှစ်သက်အောင် ကြိုးစားပြီး သရုပ်ဆောင်သွား မှာပါ” လို့ ဆိုပါတယ်။

ဇာတ်ကား ရိုက်ကူးတဲ့ အခါမှာ အာလုံးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ညှိနှိုင်းပြီး အပေးအယူမျှအောင် လုပ်ဖြစ်တယ်လို့ အေးမြတ်သူက ပြောပါတယ်။ ”အဓိကကတော့ ကိုယ့်ရဲ့ ဇာတ်ကားကောင်းဖို့က အဓိကပါပဲ။ ဇာတ်ကားကောင်းမှလည်း ပရိသတ်က ကြည့်မှာ။ ပရိသတ်က ကိုယ့်ရဲ့ အိုက်တင်တစ်ခုတည်းကိုပဲ ကွက်ပြီး ကြည့်တာမျိုး မဟုတ်တဲ့အခါကျတော့ အားလုံး နဲ့ ညှိနှိုင်းပြီး လုပ်ရတယ်။ ငါ အကောင်းဆုံးပဲ လုပ်မယ် ဆိုတာမျိုး မတွေးဘဲနဲ့ အားလုံးနဲ့ တိုင်ပင် ညှိနှိုင်းပြီး လုပ်ဖြစ်တယ်။ ဇာတ်တစ်ဇာတ်မှာ အားလုံး မျှတအောင် ကောင်းနေမှ ဇာတ်ကားကောင်း တစ် ကား ဖြစ်လာမယ်။ ကိုယ်တစ်ယောက်တည်း ကောင်းနေရုံနဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

By Popular News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ