မှိုမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူး

မှိုမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူး ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာများ ထဲမှာ မှိုက တစ်ခု အပါအဝင်ဖြစ် ပါတယ်။ မှိုဟာ အော်ဂဲနစ် ပစ္စည်းများ ကြွယ်ဝတဲ့ အလွှာပေါ်မှာ ပေါက်ရောက်ပြီး မှိုကိုစိုက်ပျိုးတဲ့ အခါ ပိုးသတ်ဆေး Pesticides သုံးစွဲလေ့ မရှိပါဘူး။ Pesticides တွေက မှိုပွင့်ဖြစ်လာမယ့် မျိုးစေ့တွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ မှိုတွေဟာ ပိုးသတ်ဆေးမပါဝင်တဲ့အပြင် သံဓာတ်နဲ့အသားဓာတ် (ပရိုတင်း) ကြွယ်ဝလှပါတယ်။

မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ရုံ သာမက လူရဲ့ကိုယ်ခံစွမ်းအား စနစ် ( Immume System ) ကိုလည်း မြှင့်တင်ပေးပြီး ကူးစက်ရောဂါပိုးမွှားများမှ ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် မှိုမှာ ပါဝင်တဲ့ ဒြပ်ပေါင်းအချို့ဟာ ရင်သား ကင်ဆာကဲ့သို့သော ရောဂါများကို တိုက်ထုတ်နိုင် ပါတယ်။

ဒါပေမယ့် ယနေ့အခါမှာ စီးပွားဖြစ် မှိုစိုက်ပျိုးတဲ့ သူတွေဟာ မှိုတွေကို မသေစေနိုင်တဲ့ ပိုးသတ်ဆေးတွေကို သုံးစွဲလာကြ ပါတယ်။ ဒါကြောင့် မှိုရဲ့ ကျန်းမာရေး ကောင်း ကျိုးတွေကို ရယူလိုပြီး ပိုးသတ်ဆေးတွေရဲ့ ဓာတုအဆိပ်ဓာတ်ကို မလိုချင်တဲ့ သူများအနေနဲ့ အော်ဂဲနစ်မှိုများနဲ့ သဘာဝအတိုင်း တောထဲက ရရှိတဲ့ မှိုများကို ရွေးချယ်စားသုံးနိုင် ပါတယ်။

By Health Digest

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ