လက်ရှိအချိန် ကိုယ့်ကိုပရိသတ် အယောက်တစ်ထာင်မှာ တစ်ယာက်သိဖို့ အရမ်းကြိုးစား နေရတယ် သဲနော်ဇာ

လက်ရှိအချိန် ကိုယ့်ကိုပရိသတ် အယောက်တစ်ထာင်မှာ တစ်ယာက်သိဖို့ အရမ်းကြိုးစား နေရတယ် သဲနော်ဇာလတ်တလော အဆိုတော် ဒီ ရေတိုးရဲ့ သီချင်း MTV ဘန် ကောက်မှာ သွားရိုက် ထားတယ်။ ပြီး တော့ မြဝတီက ထုတ်လွှင့်ပြသမယ့် " သမုဒယအနမ်း"ဇာတ်လမ်းတွဲ ရိုက် ထားတယ်။ ဒီဇာတ် လမ်းတွဲမှာ ညီမ ကကိုယ့်ညီမကိုကြိုက်တဲ့ ယောကျာ်း တစ်ယောက်ကို ကိုယ်နဲ့မမှားဘဲ မှား ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗီလိန်ကာ ရိုက်တာနေရာကနေ သရုပ်ဆောင် ထားတယ်။ ပရိသတ်လည်း မုန်းမယ် လို့ထင်ပါတယ်။

လက်ရှိမှာ ဇာတ် ကားတွေကိုကမ်းလှမ်းလာတဲ့အပေါ် မှာ မူတည်ပြီးအဆင်ပြေတဲ့ပုံစံမျိုးဆို ရိုက်ဖြစ်တယ်။ ကိုယ့်အတွက် ငွေ ရေးကြေးရေးကုန်ဖို့ မစဉ်းစားဘူး။ ဒါပေမဲ့ ကိုယ့်ကိုနှစ်ရက် သုံးရက် လောက်အချိန်ကြိုပြီးပြောမယ် ဆိုရင် တော့ ပိုအဆင်ပြေတယ်။ တချို့ အနီးကပ်မှပြောတဲ့ ကားတွေကျတော့ လည်း အဝတ်အစား စီစဉ်ဖို့ အဆင် မပြေတာတွေရှိတဲ့ အပြင်အကြောင်း အမျိုးမျိုးကြောင့် လက်လွှတ်လိုက်ရ တဲ့ကားတွေရှိ ပါတယ်။

မော်ဒယ်နဲ့ ပတ်သက်တာတော့ Photo မော် ဒယ်လောက်ပဲ လုပ်ဖြစ်တယ်။ ရှိုးတွေ တော့ သိပ်မလျှောက်ဖြစ်တော့ဘူး။ ခင်မင်ရင်းနှီးတဲ့သူတွေ အကူအညီ တောင်းတဲ့ပွဲမျိုးပဲလျှောက်ဖြစ်တယ်။ အဓိက ကိုယ်က သရုပ်ဆောင်ဘက် ကိုပဲ လုပ်ချင်တဲ့အတွက်ကြောင့် မ လျှောက်တော့တာပါ။ နောက်ပြီး အနုပညာအလုပ်ဆိုတာ အရမ်းကို ကြမ်းတမ်းပါတယ်။ ညီမတို့အတွက် ကတော့ တော်တော်ကိုခက်ခဲကြမ်း တမ်းတယ်လို့ပြောလို့ ရပါတယ်။ ဘာ ဖြစ်လို့လဲဆိုရင် မိဘ အထောက်အပံ့၊ အသိုင်းအဝိုင်း ဘာမှမရှိဘဲနဲ့ နယ်က နေလာပြီး ကြိုးစားရတယ်။

အခုချိန် ဆိုရင်ကိုယ့်ကို လူအယောက်တစ် ထောင်မှာတစ်ယောက်သိဖို့အတွက် မနည်းကြိုးစားရတယ်။ အဲဒီအတွက် ပရိသတ်ကြီးအားပေးပါ။ တစ်ခါတ လေအရမ်းစိတ်အားငယ်နေပြီးစိတ် ဓာတ်ကျနေတဲ့အချိန်မှာ facebook ကနေ အားပေးကြတဲ့ သူ ငယ်ချင်းတွေလည်း အရမ်းကျေးဇူး တင်ပါတယ်။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ