မျှော်မှန်းထားသလို အရာရာကတော့ မဖြစ်လာဘူး ဟန်လင်းသန့်

မျှော်မှန်းထားသလို အရာရာကတော့ မဖြစ်လာဘူး ဟန်လင်းသန့်ယောကျာ်းလေး မော်ဒယ်တွေ မော်ဒယ်ပိုင်းမှာ အောင်မြင်ပေမယ့် ဒီသရုပ်ဆောင် ပိုင်းကို ရောက်မလာ ကြဘူးဆိုတာက အမှန်တကယ်တော့ သူတို့ မလုပ်ချင်လို့ ပဲဖြစ်မှာပါ။ သူတို့ သရုပ်ဆောင် လုပ်ချင်ရင် သူတို့ရဲ့ ရုပ်ရည်လည်း ရှိတယ်။ သူတို့ကိုယ် တိုင်က သရုပ်ဆောင် တာဝါသနာ မပါလို့ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ သရုပ်ဆောင် လုပ်ဖို့ ဝါသနာပါတယ် ဆိုရင်တော့ ဒီဘက်ကို ကူးလာကြ မှာပဲလေ။ တချို့တွေ ကလည်း Professinal မော်ဒယ် သီးသန့်ပဲရပ် တည်ချင်ကြ တယ်လေ။

တချို့တွေ လည်း မော်ဒယ်ရော၊ သရုပ်ဆောင် ရောတွဲလုပ်ချင်ကြတာ။ ကျွန်တော် ဆိုလည်း သရုပ်ဆောင်ကို အဓိက လုပ်ချင်တယ်။ မော်ဒယ်ကို အဓိက လုပ်ချင်တာမဟုတ်ဘူး။ အဲဒီလိုမျိုး ကိုယ့်ရဲ့တွေးခေါ်တဲ့စိတ်ကလေးတွေ ရည်မှန်းချက်လေးတွေက ကွဲပြားတဲ့ အတွက် သူတို့သရုပ်ဆောင်ပိုင်းကို ရောက်မလာကြတာ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့မော်ဒယ်ဘက် မှာအောင်မြင်ပြီးသားလူတစ်ယောက် က ဒီဘက်ကိုကူးဖို့ လွယ်တယ်။ ပရိ သတ်လည်း အခိုင်အမာရှိပြီးသား လေ။ ပြိုင်ပွဲတွေ ဝင်ရင်းနဲ့ အချင်း ချင်းသွေး ကွဲတာတွေကြုံ ဖူးသေးလား ဆိုတော့ ပြိုင်ပွဲမှာ ကိုယ့်အချင်းချင်း သွေးကွဲတာမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲမှာများသောအားဖြင့် တွေ့လိုက်ရင် ဒီလူနဲ့ဒီလူပဲလေ။ ကို

ယ့်အချင်းချင်းတွေ ဆိုတော့ ဒီ မျက်နှာတွေက မမြင်ချင်လည်း မြင် နေရတာပဲလေ။ အဲဒီလိုမျိုးသွေးကွဲ တာတွေတော့ ကျွန်တော့်ဘက်က မရှိဘူး။ ၂၀၁၃ ခုနှစ်အစပိုင်းက ကိုယ့်ကိုယ်ကိုယ်စိတ်ထဲကပြောခဲ့တာ က ၂၀၁၃ ခုနှစ်မှာ ဟန်လင်းသန့် ဗီဒီယို ကားတွေအများကြီးရိုက်မယ်။ ပရိသတ်လက်ခံတဲ့နေရာ တစ်နေရာ ရမယ်ပေါ့။ ၂၀၁၃ ခုနှစ်အစပိုင်းမှာ ဗီဒီယိုတစ်ကားရိုက်ပြီးသင်္ကြန်အကုန် မှာ တစ်ကားရိုက်ပြီးကတည်းက ဆက်မရိုက် ဖြစ်တော့တာအခုထိပဲ။ အခုမှစီးရီးတွေပြန်ရိုက်ဖြစ်တာပေါ့။ ထာဝရမန္တလေးရိုက်ကူးရေးနဲ့ မအား တာတွေလည်းပါတာပေါ့။

မျှော်မှန်း ထားသလို အရာရာကတော့ မဖြစ် လာဘူး။ ဘုရားသခင်ရဲ့အလိုတော် အတိုင်းပေါ့။ ပေးသလောက်ပဲ ရမှာ ပေါ့။ ဒီအပေါ်မှာတော့ လောဘ ကြီးကြီးမားမား မရှိဘူး။ ဖြစ်ချင်တဲ့ ဆန္ဒတွေမဖြစ်လာတဲ့ အပေါ်မှာ စိတ် ဓာတ်နည်းနည်းယိုင်နဲ့သွားခဲ့တာတွေ တော့ရှိတယ်။ အနုပညာကို ဘယ် လိုခံယူချက်နဲ့ လုပ်သွားမလဲဆိုရင် ကျွန်တော်အရမ်းဝါသနာပါတဲ့ အနု ပညာအလုပ်မှာ အောင်မြင်တဲ့လူ တစ်ယောက်ဖြစ်အောင်ကြိုး စားသွား မှာ။ နောက်ပြီးတော့ ဖြစ်သလောက် ကံပေါ့နော်။ ကိုယ် ကြိုးစားတိုင်း လည်း ဖြစ်လာတာမှ မဟုတ်တာ။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ