ချစ်သူဟောင်းနှင့် ပြန်တွဲဖွယ် ရှိနေသည့် ကိတ်အပ်တန်

ကိတ်သည် မကြာသေးမီက ယူကရိန်း ပရော်ဖက်ရှင်နယ် အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့သည့်နောက် ဂျက်စတင်နှင့် ပြန်လည်၍ ဆက်သွယ်နေကြောင်း သိရသည်

ကိတ်အပ်တန် အနေဖြင့် လတ်တလော တစ်ကိုယ်တည်းဘဝဖြင့် ရှိနေသော်လည်း ချစ်သူဟောင်း ဂျက်စတင် ဗာလန်ဒါနှင့် ပြန်တွဲရန် အလားအလာများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိတ်သည် မကြာသေးမီက ယူကရိန်း ပရော်ဖက်ရှင်နယ် အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့သည့်နောက် ဂျက်စတင်နှင့် ပြန်လည်၍ ဆက်သွယ်နေကြောင်း သိရသည်။ အသက်(၂၁)နှစ်ရှိ အမေရိကန် တက်သစ်စ မော်ဒယ်လ်သည် ဟော်ကီပြိုင်ပွဲ တစ်ခုတွင် ဂျက်စတင်နှင့်အတူ ရှိနေခဲ့သည်ကို တွေ့ရပြီးနောက် ၎င်းတို့နှစ်ဦး၏ အချစ်ရေး တစ်ကျော့ပြန် လန်းဆန်း ရှင်သန်လာပြီဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ပရိသတ်များက ကိတ်အနေဖြင့် ဂျက်စတင်နှင့်အတူ သက်တောင့်သက်သာ ပျော်ရွှင်နေဟန်ရှိကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ကြသည်။

မျက်စိလျှင်သော ပရိသတ် တစ်ဦးက ၎င်းတို့နှစ်ဦးကို ဓာတ်ပုံရိုက်ပြီး "ကိတ်အပ်တန်နဲ့ ဂျက်စတင် ဗာလန်ဒါတို့က နောက်ခုံမှာ ပျော်ပျော်ရွှင်ရွှင် ထိုင်နေကြတယ်"ဟု စာတန်းရေးထိုးကာ Twitterတွင် လွှင့်တင်ခဲ့သည်။ ကိတ်သည် ဒက်ထရွိုက်တိုက်ဂါးစ် အသင်းမှ သူငယ်ချင်းဖြစ်သူ ဖရန့်ခ်ဗီယိုလာကို လာရောက် အားပေးခဲ့ခြင်းဟု ယူဆရသည်။ Sport Illustrated မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ်မှ စတင်၍ လူသိများလာသော ကိတ်သည် မက်ခ်ဆင်မ်နှင့် (၅)လမျှ တွဲခဲ့ပြီးနောက် နိုဝင်ဘာလက လမ်းခွဲဖြစ်ခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ