အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလူငယ် အသင်း

အိုမန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အာရှ ယူ-၂၂ ဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာလူငယ် အသင်း ပါဝင်သည့် အုပ်စု (က) အသင်းများ၏ အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီ ဖြစ်သည်။

အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီးနောက် ကွာတားဖိုင်နယ် အဆင့်ကို အုပ်စုပထမအဖြစ် ဂျော်ဒန်အသင်းနှင့် ဒုတိယအသင်း အဖြစ် တောင်ကိုရီးယား အသင်းတို့က အသီးသီး တက်ရောက် သွားခဲ့ကြသည်။ မြန်မာအသင်းသည် အုပ်စု ပထမပွဲစဉ်၌ အိုမန်အသင်းကို လေးဂိုး-ဂိုးမရှိ၊ တောင်ကိုရီးယား အသင်းကို သုံးဂိုး-ဂိုးမရှိနှင့် ဂျော်ဒန်အသင်းကို ခြောက်ဂိုး-တစ်ဂိုးတို့ဖြင့် အသီးသီး ရှုံးနိမ့်ခဲ့ပြီး အုပ်စုနောက်ဆုံး ဖြစ်ခဲ့ရသည်။ အိုမန် အသင်းသည်လည်း တောင်ကိုရီးယား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့် ခဲ့ရသောကြောင့် မြန်မာအသင်းနှင့် အတူ နောက်တစ်ဆင့်ကို မတက်လှမ်း နိုင်တော့ကြောင်း သိရသည်။

မြန်မာအသင်းနှင့် ဂျော်ဒန်အသင်းတို့ ပွဲစဉ်၌ မြန်မာလူငယ် အသင်း အနိုင်ရရှိရေး အိပ်မက်တစ်ခုကို စိုးမောင်မောင်က ပွဲကစားချိန် ၂၈ မိနစ်တွင် မြန်မာအသင်း အတွက် ဗွေဆော်ဦးဂိုးကို ရယူပေးခဲ့သည်။

ထို့နောက် ဂျော်ဒန်အသင်းမှ ပြန်လည်တိုက်စစ် မြှင့်လာမှုနှင့်အတူ ဂိုးများဆက်တိုက် သွင်းယူခဲ့သဖြင့် ခြောက်ဂိုး-တစ်ဂိုးနှင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ပွဲအပြီးမှာ ဂျော်ဒန် အသင်းနည်းပြက '' ကျွန်တော်တို့ အုပ်စုပထမ နေရာအတွက် မြန်မာအသင်းကို ဂိုးပိုမို သွင်းယူနိုင်ရေး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်တို့ အသင်းဘက်ကို မြန်မာအသင်းက ဗွေဆော်ဦးဂိုး သွင်းခဲ့ပြီးနောက် မပျော်မရွှင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အသင်းသားတွေရဲ့ ပြန်လည် တိုက်စစ်ဆင် တုံ့ပြန်မှုနဲ့ ဂိုးသွင်းယူ နိုင်မှုတွေကြောင့် ပျော် ရွှင်ခဲ့ရ ပြန်ပါတယ်။

ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကို အနည်းဆုံး တက်လှမ်းနိုင်ရမယ်လို့ ရည်မှန်းထားရုံမက ချန်ပီယံ ဆုဖလားပါ ရနိုင်ရမယ် ဆိုပြီးပစ်မှတ် ထားထားပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာအသင်း နည်းပြချုပ် ဂတ်ဇီဆီကတော့ ''ပထမပိုင်း အပြီးမှာ အသင်းက ဘာမဆို ဖြစ်သွားနိုင်တယ်လို့ စဉ်းစားမိခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရပါတယ်'' ဟု ပြောပြခဲ့သည်။

''ဒုတိယပိုင်းမှာ အတွေ့အကြုံ နည်းပါးတဲ့ ကစားသမားတွေကို အပြောင်းအလဲ လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဂိုးဧရိယာ အတွင်းမှာ လူကပ်ပုံ၊ နောက်ခံ ကစားသမားတွေရဲ့ အားနည်းချက် တချို့ကြောင့် အခုလို ရလဒ်မျိုးနဲ့ ကြုံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းသားတွေ ပွဲအတွင်းမှာ အခွင့်အရေးတွေ ဖန်တီးခဲ့ကြတယ်။ ဒါပေမဲ့ ကစားသမား တွေက အဆုံးသတ်မှု အပိုင်းတွေမှာ အတွေ့အကြုံ မရှိကြဘူး။ ရန်ကုန်ပွဲတွေမှာတော့ ဒီအခွင့်အရေးတွေကို ဂိုးအဖြစ် ရယူနိုင်မှဖြစ်မှာပါ'' ဟုနည်းပြကြီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ