စိတ်ထားကို ဆုံးဖြတ်လို့မရပါဘူး'' သရုပ်ဆောင် ဘေဘီမောင်

အနုပညာလောကမှာ တက်သစ်စအနုပညာရှင်တွေရဲ့ အခက်အခဲတချို့ကို ကြိုးစားနေဆဲ သရုပ်ဆောင်သစ် ဘေဘီမောင်က ယခုလိုပြောသည်။
========================================
မေစုဟန်
========================================
ဗုဒ္ဓရဲ့အဆုံးအမကြောင့် စိတ်ကနူးညံ့ပြီးသားပါ ဝတ်စားဆင်ယင်မှုတိုင်း ရိုင်းတာမဟုတ်ပါဘူး
လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ဆုံးဖြတ်လို့မရပါဘူး။ ဘောင်းဘီတို၊ ရင်ဘတ် ဟိုက်နေတာကို လူငယ်ဖက်ရှင်အနေနဲ့ လှလို့ကြိုက်လို့ ဝတ်တာပါ။ စိတ်ထဲမှာတော့ မြန်မာမိန်းကလေးဆိုတာ သိထားပါတယ်။ ပြည်သူ တွေလက်ခံတဲ့အတိုင်းအတာတစ်ခုထိဝတ်တာပါ။
မြန်မာမိန်းကလေး ဆိုတော့ စိတ်ထားနူးညံ့တယ်။ ဝတ်စားဆင်ယင်မှုအတိုင်း ရိုင်းစိုင်းနေတာတော့မဟုတ်ဘူး။ ညီမကိုယ်တိုင်က ခေတ်အရ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက်သာ ဝတ်စားဆင်ယင်တာပါ။ ညီမတကယ်သဘောကျတာ မြန်မာဝတ်စုံပါ။ အသက်ကြီးရင်လဲ မကြီးစိုး (စိုးမြတ်သူဇာ)လို ရင်ဖုံးနဲ့ မြန်မာဝတ်စုံဝတ်တာ တွေ အရမ်းကြိုက်တယ်။

သူ့ရဲ့ဒီဇိုင်းတွေဆိုသိမ်း ထားတယ်။ အသက်အရွယ်ရလာရင် ခေတ်မီတဲ့ ဝတ်စုံက မအပ်စပ်တော့ဘူး။ အခုကငယ်တဲ့ဂုဏ်နဲ့ လှတာလေးတွေ ဝတ်တာပါ။ မြန်မာမိန်းကလေးက အချိန်တန်ရင် ထဘီဝတ်ပြီးနေရမှာပဲ။ ညီမက အလန်းတွေ၊ှနထပ တွေဝတ်တယ်ဆိုတာ အလုပ် သဘောအရ ဝတ်တာပါ။ အဓိကက ကိုယ့်ရဲ့စိတ်ထား က မြန်မာစိတ်ဓာတ်ပဲ။ မြန်မာဝတ်စုံဆိုရင် ဒီဇိုင်းလေးတွေ အမြဲလေ့လာတယ်။ သူများကိုလဲ အကြံဥာဏ်ပေးချင်တယ်။

မင်းသမီးတွေရဲ့ ပညာပြမှုတွေခံခဲ့ရတယ်
အများကြီးကြုံခဲ့ဖူးတယ်။ ညီမက မော်ဒယ်ဆိုတော့ ကင်မရာ အထာတွေ၊ စကားအထာတွေမသိဘူး။ ညီမက မော်ဒယ်ဆိုတော့ ဒေါက်ဖိနပ်စီး၊ အဝတ်အစားစပွန်ဆာပေးတာ ဝတ်တယ်။ ရုပ်တည် ချင်တည်မယ်၊ ပြုံးချင်ပြုံးမယ်၊ အဲဒီနှစ်ခုပဲ လုပ်ရတယ်။

သရုပ်ဆောင်နဲ့ မော်ဒယ်ကကွာတယ်။ သရုပ်ဆောင်တာ တော်တော်ခက်ခဲပါတယ်။ တကယ်လုပ်ကြည့်မှ ခက်တာကိုသိရတာပါ။ ဆရာမရှိတော့ ပိုဆိုး တာပေါ့။ အဝတ်အစားဝတ်ရင် မော်ဒယ်ဆိုတော့ ဘယ်သူမှယှဉ်လို့ မရပါဘူး။ အဝတ်အစားနဲ့လန်းနေရင် မင်းသမီးထက် လန်းသွားရင် အနှပ်ခံရတယ်။ အဲဒီအချိန်မျိုးမှာ အနုပညာမောင်နှမအချင်းချင်း လက်တွဲခေါ်ရမှာကို သူ့ထက်သာသွားတော့ မျက်နှာစူပုပ်တာမျိုး၊ ဒါရိုက်တာကို ဒိုင်ယာလော့ခ် မပေးခိုင်းတာမျိုး ကြုံဖူးတယ်။ စိတ်မ ကောင်းလဲဖြစ်ရတယ်။ ညီမလဲ တစ်ချိန်မှာ ခေါင်းဆောင်မင်းသမီး ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီအချိန်ဆိုရင် သူတို့လို လုပ်မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေကတက်လာတဲ့ မင်းသမီးမို့ပါ။ လက်တွဲခေါ်တဲ့သူလဲရှိပါတယ်။ လူဆိုတာ အမြဲတမ်းမကောင်းတဲ့ သူတော့မရှိဘူးလေ။ အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေတယ်။ မခိုင်လေး(ခိုင်သင်းကြည်)ဆိုလဲ သင်ပေးတယ်။ ကစ်ကစ် (ဝတ်မှုန်ရွှေရည်)လဲသင်ပေးတယ်။ အရမ်းဖြူစင်ပြီး ချစ်ဖို့ ကောင်းတယ်။ မကြီးစိုး(စိုးမြတ်သူဇာ)လဲ သင်ပေးတယ်။ ကိုယ့်ကို နှိမ့်ချတဲ့သူရှိသလို တင်ပေးတဲ့သူလဲရှိပါတယ်။

The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ