သေဆုံးပြီးနောက် ကိုယ်အင်္ဂါအစားထိုး လဲလှယ်ခြင်း

အရေးပေါ်ကြပ်မတ် ကုသဆောင်များ၊ အရေးပေါ် ဌာနများအနေနှင့် လူနာတစ်ဦး အသက်ဆုံးရှုံးသည့်အခါတိုင်း ၎င်း၏ကလီစာ အစိတ်အပိုင်းများကို အခြား လူနာများထံ လှူဒါန်းနိုင်ရန် စီစဉ်ပေးလေ့ရှိကြသည်။ အလှူရှင်တစ်ဦးသည် ကလီစာလိုအပ်နေသူ လူနာ (၅၀) ဦးအထိ ဖြည့်ဆည်းပေးနိုင်သည်။ အချို့လူနာများဆိုလျှင် လိုအပ်သည့် အင်္ဂါအစိတ်အပိုင်းရရှိရန် နှစ်ချီ၍ စောင့်ဆိုင်းရတတ်သည်။

သေဆုံးပြီးနောက် ခန္ဓာကိုယ်လှူဒါန်းခြင်း (Donation after circula tory death) ဟူသည့် မူဝါဒကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်တိုင်ကျင့်သုံး လျက်ရှိပြီး သေဆုံးပြီဟု အတည်ပြုထားသော လူနာများထံမှသာ ကလီစာများရယူသည်။

အသည်းအသန်လူနာများ၊ ဦးနှောက်သေဆုံးပြီး ခန္ဓာကိုယ်ကို စက်နှင့်လည်ပတ်နေရသူများထံမှ ကျောက်ကပ်လှူဒါန်းပေးပါရန် အကူအညီတောင်းခံပြီး အသက်ဆုံးပါးသည်နှင့် ကျောက်ကပ်ထုတ်ယူကာ အလှူခံသူ လူနာများအား အစားထိုးပေးလျက်ရှိရာမှ အဆိုပါမူဝါဒ တစ်ခုပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုအခါ ကျောက်ကပ်များသာမက အသည်း၊ ပန်ကရိယ၊ အဆုတ်များကိုပါ လှူဒါန်းလျက်ရှိကြသည်။

ကိုယ်အင်္ဂါအစားထိုးမှုနယ်ပယ်၌ လူတစ်ဦးသေဆုံးခြင်းကို သွေးလည်ပတ်မှုစနစ်ရပ်ဆိုင်း၍ သေဆုံး ခြင်း (circulatory death) နှင့် ဦးနှောက်သေဆုံးခြင်း (brain death) ဟူ၍ အကြမ်းဖျင်းခွဲခြားနိုင်သည်။ သွေးလည်ပတ်မှုရပ်ဆိုင်းပြီးမှ ထုတ်ယူထားသော အင်္ဂါ အစိတ်အပိုင်းများသည် ဦးနှောက်သေဆုံးသော်လည်း စက်ဖြင့်သွေးလည်ပတ်နေသေးသူများထံမှ ထုတ်ယူထားသော အင်္ဂါအစိတ်အပိုင်းများထက် နောက်ဆက်တွဲ ပြဿနာများ ပိုဖြစ်ပေါ်လေ့ရှိသည်။

ကလီစာများကို လူ့ခန္ဓာကိုယ်အပူချိန်အတိုင်းထိန်းသိမ်းရန်၊ သွေးထောက်ပံ့မှုမချို့တဲ့စေရန် ဂရုစိုက်ခြင်းဖြင့် ကလီစာထိခိုက်ဒဏ်ရာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ အလှူရှင်သေဆုံးပြီးပြီးချင်း ကလီစာထုတ်ယူရန် လိုအပ်သောကြောင့် လူမှုရေးအရ အခက်အခဲရှိခြင်း၊ သယ်ယူပို့ဆောင်ရာ၌ ခက်ခဲခြင်း၊ လူနာများကိုမေ့ဆေးလွန်ပြီး ဦးနှောက်သေဆုံးစေရန် အားထုတ်ခြင်း၊ ဦးနှောက်သေဆုံးပြီးနောက် ကလီစာများရောင်းစားခြင်း၊ မသေဆုံးသေးသော်လည်း ငွေကြေးရရှိစေရန် ကျောက်ကပ်တစ်ခြမ်း ရောင်းစားခြင်းစသည်တို့ကြောင့် ကိုယ်အင်္ဂါအစားထိုး လဲလှယ်ခြင်းသည် ထိန်းချုပ်ရခက်သည့် မူဝါဒတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

သီဟ
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ