ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်ဝဲဘက်ရှေ့ ဘီးပေါက်ပြီး တိမ်းမှောက်၍ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီးတံတား ဦးမြို့နယ်ရန်ကုန်-မန္တလေး အမြန် လမ်း မိုင်တိုင်အမှတ် (၃၃၅/ဝ) တွင် ယခုလ ၄ ရက် နံနက် ၉နာရီ ခွဲက ရန်ကုန်မှ မန္တလေးသို့ ရှမ်း ပြည်နယ် နမ့်ခမ်းမြို့နယ် မန်စပ် ကျေးရွာအုပ်စု ငါးလှော်ရွာနေ အီ ဆပ် အသက်(၂၄)နှစ်မောင်းနှင် လာသော ၁ဃ/xxxx Pajero ခဲရောင်ယာဉ်သည် ဝဲဘက်ရှေ့ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံထား သည့် ကွန်ကရစ် ဘာရီယာတုံးကို ဝင်ရောက်တိုက်မိကာတစ်ဖက်ယာဉ် ကြောပေါ်တွင် ပက်လက်လန်တိမ်း မှောက်သွားခဲ့ကြောင်း၊

ယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးဒဏ်ရာ ရခဲ့ကြောင်း ရဲဇာနည်သတင်းဌာန ၌ ဖော်ပြထားသည်။ ယာဉ်မောင်း အီဆပ်တွင် ယာလက်ဖျံ/ ဦးခေါင်း၊ နောက်စေ့ပေါက်ပြဲ၊ ခါးနာကျင် ဒဏ်ရာများ၊ယာဉ်ပေါ်တွင်လိုက်ပါ လာသော နမ့်ခမ်းမြို့နယ် ကောင်း ကတ်ရွာနေသူများဖြစ်သည့် ခမ်း လွတ် အသက်(၄၃)နှစ်တွင် ဝဲနား ရွက် ပွန်းပဲ့၊ ယာမျက်ခုံး/ဦးခေါင်း ပေါက် ပြဲဒဏ်ရာနှင့် ခွန်အောင် အသက်(၂၇)နှစ်တွင် ယာမျက်ခုံး ပေါက်ပြဲ၊ ယာခြေသလုံး/ယာခြေ ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိ ခဲ့သဖြင့် တံတားဦးမြို့နယ်ဆေးရုံ သို့တင်ပို့ကုသခဲ့ရကြောင်း၊

ယာဉ် မောင်း အီဆပ်ကို စကားအင်းအမြန် လမ်းရဲစခန်းတွင်ယာဉ်(ပ)၁/၂ဝ၁၄၊ ပြစ်မှု၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။


The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ