Samsung က All In One Destop တစ်လုံးကိုမိတ်ဆက်ပြသ

ယနေ့အမေရိကန်နိုင်ငံမှာပြသနေတဲ့ CES ပြပွဲမှာ Samsung က All In One Destop တစ်လုံးကိုမိတ်ဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Destop အမည်ဟာ Ativ One 7 (2014 Edition) ဖြစ်ပြီး Touch Screen နဲ့အလုပ်လုပ်နိုင်တဲ့အပြင် ၂၄လက်မ အရွယ်ရှိသည်ဟုဖော်ပြ ထားသည်။

1080p Full HD အရည်အသွေးကိုထုတ်ပေးနိုင်ပြီး Phone ၊ Tablets စတာတွေနဲ့ချိတ်ဆက်ရုံ သာမ က အသံစနစ်ပိုင်းကိုBT Music Play ဗားရှင်း 2.0 သုံးထားပါတယ်။ BT Music Play 2.0 ဟာ Speaker တွေကို ကွန်ပျူတာစက် ပိတ်ထားရင်တောင်မှ သီချင်းနားထောင်အောင်ပြု လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။

လက်ရှိမှာ i3 ၊ i5 Processors နှစ်မျိုးနဲ့ထွက်ရှိထား တာဖြစ်ပြီး Inter Graphic ကိုသုံးထားကာ Storage အပိုင်းကိုတော့ 1TB HDD နဲ့ 128GB SSD ကိုသုံးထားပါတယ်။

အဆိုပါ ပစ္စည်းကိုယခုပြပွဲမှာ အစမ်းပြသထားတာဖြစ်တဲ့အတွက်ဈေးနှုန်းနဲ့ စတင်ရောင်းချမဲ့နေ့ကိုတော့နောက်မှာကြေညာမည်ဖြစ် ကြောင်းသိရသည်။

BlackFlame : (TSJ Team)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ