ဘီယွန်းဆေး၏ စိတ်လှုပ်ရှားဖွယ် ဗီဒီယို Drunk In Love

လွန်ခဲ့သော သုံးရက်ခန့် ကမှ တစ်ကမ္ဘာလုံး ကို အံ့အားသင့်စေခဲ့သည့် ဘီယွန်ဆေးသည် ယခု တစ်ခါတွင်လည်း အံ့သြဖွယ်ပျော်ရွှင်မှု တစ်ခုကို ထပ်မံ ချပြလိုက်ပြန် ပါသည်။ သူမ၏ သီချင်း ဖြစ်သော ‘Drunk In Love’ ကို ရိုက်ကူးထားသည့် ဗီဒီယို ဖိုင်တွင် သူမနှင့် သူမ၏ ခင်ပွန်းဖြစ်သူ ရက်ပါဂျေးဇက် တို့မှာ ကမ်းခြေတစ်ခု တွင် ပျော်ရွှင်မြူး တူးနေကြသည်။

သူမမှာ အလွန် ပါးလွှာသော ကိုယ်ကျပ်ရေကူး ဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားလျက် ညချမ်း အချိန်အခါ တွင် သဲသောင်ပြင်ပေါ် ၌ ရေလှိုင်းများ နှင့် ဆော့ ကစားနေ ပုံကို အနုပညာ မြောက်စွာ ရိုက်ကူးထားသည်။

သဲသောင်ကမ်းစပ် တစ်လျှောက် တွားသွား၍ ညှို့ဓာတ်ပြင်းပြင်းနှင့် ကပြ ရင်း သီချင်းဆိုနေသည့် ဘီယွန်ဆေး ၏ ပုံရိပ်များကို အထင်းသားမြင်နိုင်လေ သည်။

” အလင်းရောင် အောက်မှာ ဖြာကျ နေတဲ့ ကျွန်မရဲ့ကိုယ်ခန္ဓာ အချိုးအစား တွေအတွက် မကျေနပ်စရာ မရှိပါဘူး” ဟု သူမ ကပြောကြားခဲ့ပြန်သည်။

ထို့အပြင် သူမ၏ ခင်ပွန်းဖြစ်သူ က သူမကို သိုင်းဖက်ထားသည့် စိတ်လှုပ် ရှားဖွယ် ဇာတ်ဝင်ခန်း များဖြင့် ရိုက်ကူး ထားသော ‘Drunk In Love’ အယ်လ် ဘမ်မှာ ချပ်ရေ ၆၁၇ဝဝဝ ရောင်းချခဲ့ရ ၍ ဤအပတ် အတွက် ဘေလ်ဘုတ်၏ ထိပ်ဆုံး ၂ဝဝ တွင် ပါဝင်နေကြောင်း သိရသည်။

KTZO

Ref:Daily Mail

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ