Bill Board ရဲ့ လူကြိုက်အများဆုံး သီချင်းအပုဒ် ၁၀၀ စာရင်းမှာ နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နေတဲ့ အမ်မင်နမ်နဲ့ ရီဟားနားရဲ့ စုံတွဲသီချင်းသစ်


နယူးယောက်၊ ဒီဇင်ဘာ ၁၉

ရက်ပ်အဆိုတော် အမ်မင်နမ်နဲ့ အဆိုတော် ရီဟားနားတို့ရဲ့ စုံတွဲသီချင်းသစ် The Monster ဟာ အမေရိကန် Bill Board ရဲ့ လူကြိုက်အများဆုံး သီချင်းအပုဒ် ၁၀၀ စာရင်းမှာ နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။
အမ်မင်နမ်နဲ့ ရီဟားနားတို့ရဲ့ The Monster သီချင်းအသစ်ဟာ စတင်ထွက်ရှိတဲ့ နေ့ကနေစပြီး နှစ်ပတ်ကြာသည် အထိ လူကြိုက်အများဆုံး သီချင်း ၁၀၀ ရဲ့ ထိပ်ဆုံး နေရာမှာ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လူကြိုက်အများဆုံး သီချင်း ၁၀၀ စာရင်းရဲ့ ဒုတိယနေရာနဲ့ တတိယနေရာ မှာလည်း ယခင်တစ်ပတ်က အတိုင်း Pitbull နဲ့ Kesha တို့တွဲဖက် သီဆိုထားတဲ့ Timber သီချင်းနဲ့ One Republic အဖွဲ့ရဲ့ Counting Stars သီချင်းတို့က ဆက်လက် ရပ်တည်နေတာကို တွေ့ရပါတယ်။

Bill Board ရဲ့ အရောင်းရဆုံး အယ်လ်ဘမ်စာရင်း မှာတော့ ကြေညာထားခြင်း မရှိဘဲ ရုတ်တရက် ဖြန့်ချိခဲ့တဲ့ အတွက် ပရိသတ်တွေ အံ့အားသင့်ခဲ့ရတဲ့ ဘီယွန်းစ်ရဲ့ အယ်လ်ဘမ်အသစ်က ထိပ်ဆုံးက ရပ်တည်လျက် ရှိပါတယ်။

ဘီယွန်းစ်ဟာ သူ့ရဲ့ အယ်လ်ဘမ် အသစ်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က စတင်ပြီး ရောင်းချခဲ့ရာမှာ လက်ရှိ အချိန်ထိ အချပ်ရေ ၆၁၇,၀၀၀ အထိ ရောင်းချခဲ့ပြီးပြီ ဖြစ်ပါတယ်။

အမ်မင်နမ်နဲ့ ရီဟားနား တို့ဟာ ၂၀၁၀ ခုနှစ် တုန်းကလည်း Love The Way You Lie လို့အမည်ရတဲ့ သီချင်းတစ်ပုဒ် တွဲဖက် သီဆိုခဲ့ဖူးပြီး အဲဒီ သီချင်းဟာလည်း ယခု The Monster လိုပဲ Bill Board ရဲ့ လူကြိုက် အများဆုံး သီချင်းစာရင်းမှာ ရက်သတ္တပတ် အတန်ကြာအောင် ရပ်တည်နိုင် ခဲ့ပါတယ်။

The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ