ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုး သမီးဘောလုံး အသင်း ဖိလစ်ပိုင်ကို အနိုင်ယူ

ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုး သမီးဘောလုံး အသင်း ဖိလစ်ပိုင်ကို အနိုင်ယူ၂၀၁၃ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာ အသင်းက ဖိလစ်ပိုင် အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် မြန်မာ အသင်းနည်းပြက ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူမည်ဖြစ်ပြီး ရွှေတံဆိပ်ရယူရန် အတွက် ပြိုင်ပွဲဝင်ခြင်းဖြစ်ကြောင်း ယုံကြည်မှု အပြည့်ဖြင့် ပြောကြားသည်။ ဖိလစ်ပိုင်နည်းပြက ပွဲရလဒ်မှာ ဖြစ်သင့်ပြီး ပရိသတ်မှာ မြန်မာ အသင်း၏ ၁၂ ယောက်မြောက် ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြီး ပရိသတ် ၂၅၀၀၀ လာရောက်အားပေးသည့်ပွဲတွင် မြန်မာ အမျိုးသမီးဘောလုံးအသင်းက ပိုမိုဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဖိလစ်ပိုင်နောက်တန်းနှင့် ဂိုးသမားတို့၏ ကောင်းမွန်မှုကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။

မြန်မာအသင်း အတွက် ပထမဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ခင်မာထွန်းကလည်းကောင်း ၊ ဒုတိယ ဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် သန်းသန်းထွေးက လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စု(က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများနှင့် ကျရောက်နေပြီး ပွဲဦးထွက် အနိုင်ရလဒ် ရရှိခဲ့သည့်အတွက် အကြိုဗိုလ်လုပွဲ တက်ရောက်ရန် အခြေအနေကောင်း သွားသည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နာမည်ကြီး ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒီဇင်ဘာလ ၁၂ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အုပ်စု (ခ)ပွဲစဉ်ဖြစ်သည့် လာအိုနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ 

7day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ