အေးမြတ်သူပြောတဲ့ ဖက်ရှင်နဲ့ သူမရဲ့ အလှအပအကြောင်း

ပရိသတ်တွေကို အပြုံးချိုချိုနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် အေးမြတ်သူရဲ့ ဖက်ရှင်၊ အလှအပရေးရာနဲ့ ပတ်သက်ပြီး သူမဘယ်လိုဒီဇိုင်းမျိုးတွေကြိုက်နေတယ်၊ ဘယ်လိုအလှကုန်တွေ ကြိုက်နေတယ်ဆိုတာ မေးမြန်းကြည့်မိတဲ့အခါ ‘ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့လဲ ကျွန်တော်က ပေါ့ပေါ့ပါးပါးလေးတွေ ၀တ်ရတာပဲကြိုက်တယ်။ တစ်ခါတစ်လေ ခေတ်နဲ့ပြိုင်ပြီး ၀တ်ရတာမျိုးတွေလဲ ရှိခဲ့တယ်။ ကျွန်တော်ကြိုက်တာက အေးတဲ့အကျီ၊ သက်တောင့်သက်တာဖြစ်စေတဲ့ အကျှီတွေ၊ လွတ်လပ်တဲ့အကျီင်္တွေ ကျွန်တော်ကြိုက်ပါတယ်။ တခါတလေ ပွဲတွေသွားတဲ့အခါ မိန်းမဆန်တဲ့ အကျီင်္တွေဝတ်ရတဲ့အခါကျရင်တော့ စိတ်ကျဉ်းကျပ်တယ်။ အိမ်မှာဆိုရင်တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးတွေပဲ ရွေးဝတ်ဖြစ်တယ်။

ဝယ်ဖြစ်တာက ပုံသေမထားဘူး။ ကြိုက်ရင် ဘယ်နေရာမှာမဆို အကုန်ဝယ်တယ်။ ဆိုင်မရွေးဘူး။ ကျွန်တော်နဲ့လိုက်ပြီး ၀တ်ရင်လှတဲ့ အကျီင်္တွေဆို ဘယ်မှာမဆိုဝယ်တယ်’လို့ သူမက ပြောပါတယ်။ အသားအရေထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ အသားအရေအတွက်တော့ အမြဲလဲထိန်းသိမ်းဖြစ်တယ်။ သုံးစွဲတဲ့ ဟာတွေက အစုံသုံးတယ်။ လိုးရှင်းဆိုရင်တော့ Vaseline ပဲသုံးတယ်။ သူကအသားအရေကို စိုစိုလေးဖြစ်စေလို့ပါ။ ကျွန်တော်က မျက်နှာ ၊ဆံပင်ထက် ခန္ဓာကိုယ်ကို ပိုလုပ်ဖြစ်တယ်။ ကျွန်တော့်အသားအရေကို ပျက်စီးမခံဘူး’ တဲ့။

Photograph - Aung Zaw (Love Space)
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ