ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ
ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား
ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း
ကစားသမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊
၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ကာယဗလ အဖွဲ့အနေဖြင့် ရွှေတံဆိပ်နှစ်ခု ရရန် မျှော်မှန်းထားပြီး
၅၅ကီလိုတန်းမှ ထွန်းမင်း၊ ၆ဝ ကီလိုတန်းမှ အောင်ခိုင်ဝင်းတို့ အပေါ်
မျှော်မှန်း ထားကြ သည်။ ကာယဗလ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ရက်၊ ၁၅ရက်တွင်
ကျင်းပမည် ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။
တားမြစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာ ကစားသမားများ အနေဖြင့်
တားမြစ်ဆေးဝါး ကိစ္စ ကင်းရှင်းကြောင်း နည်းပြ ဦးအောင်နိုင်က ဆိုသည်။ မြန်မာ
အလေးမ အဖွဲ့အနေဖြင့် ၇ဝ ကီလိုတန်းတွင် စိုးမိုး၊ ၈ဝ ကီလိုတန်းတွင်
မင်းဇော်ဦးနှင့် ၉ဝ ကီလိုတန်းတွင် အောင်ဆွေနိုင်တို့လည်း ဝင်ရောက်
ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ကာယဗလ သမားများ အနေဖြင့် လေ့ကျင့်ရည်
ပြည့်ဝနေပြီး ပြိုင်ပွဲဝင်ရန် အသင့်ရှိနေ ရာ ရွှေတံဆိပ် ဆုများ ရယူကာ
မြန်မာ့ဂုဏ်ဆောင်မည့် ကာယဗလ ပွဲစဉ်များကို ပြည်သူများ တစ်ခဲနက်
အားပေးကြပါရန်လည်း နည်းပြ ဦးအောင်နိုင်က ဖိတ်ခေါ်လိုက်သည်။
အေးမင်း၊ အောင်သူ
မြ၀တီ
ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin