ဝူရှူး သုံးရက်ဆက် ရွှေရသူ ဝေဖြိုးအောင်ကို မွေးရေဝန်ကြီး ဝတ်လာသည့် အိုမီဂါနာရီ ဆုချ

နေပြည်တော်၊ ဒီဇင်ဘာ ၉

ဝူရှူး အားကစားနည်းကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ (အေ) တွင် ဒီဇင်ဘာ ၉ ရက်နေ့က ဆက်လက် ကျင်းပခဲ့ရာ ထောက်လု အမျိုးအစား (Nando) အမျိုးသားတစ်ဦးချင်း အပြပြိုင်ပွဲတွင် ဝေဖြိုးအောင်က ရွှေတံဆိပ် ထပ်မံရရှိခဲ့သောကြောင့် သုံးရက်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်းကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်က ကျပ် ၁၀ သိန်းနှင့် ၎င်းလက်တွင် ဝတ်ထားသည့် အိုမီဂါ နာရီကို ဆုအဖြစ် ချီးမြှင့်ခဲ့သည်။

ယင်းကစားသမားသည် ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ထောက်လု အမျိုးအစား (Duilian) နှစ်ယောက်တွဲ အလှပြအတိုက် ပြိုင်ပွဲတွင် ကျော်ဇင်သစ်နှင့်အတူ ရွှေတံဆိပ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် (Nanquan) တစ်ဦးချင်း လက်နက်မဲ့ အပြပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု တို့ကို ရရှိခဲ့သည်။

ယင်းကြောင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရတနာပုံ ယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာ စိုင်းစံထွန်းကလည်း ၎င်းကို ဆုငွေကျပ် သိန်းငါးဆယ်ကို ဆုအဖြစ် ချီးမြှင့်ခဲ့သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ