ဗြိတိန်တွင် လူကြိုက်များနေသည့် အိပ်ပျော်စဉ် အဆီချပေးမည့် လိမ်းဆေး

Epochasဟု အမည်ပေးထားသည့် အဆိုပါ လိမ်းဆေးခရင်မ်သည် ခါး၊ ပေါင်အတွင်းသားနှင့် မေးနှစ်ထပ် ဖြစ်နေသော အဆီများကို လျှော့ချပေးနိုင်မည်ဟု ဆိုသည်။

ဗြိတိန်တွင် လူကြိုက်များနေသည့် အိပ်ပျော်စဉ် အဆီချပေးမည့် လိမ်းဆေး
ဗြိတိန်နိုင်ငံတွင် အိပ်စက်နေစဉ်အတွင်း အဆီချပေးမည့် လိမ်းဆေးတစ်မျိုးကို စတင်ရောင်းချနေပြီး ယင်းကို လူအများ အထူးတလည် စိတ်ဝင်စားလျှက် ရှိသည်။ Epochasဟု အမည်ပေးထားသည့် အဆိုပါ လိမ်းဆေးခရင်မ်သည် ခါး၊ ပေါင်အတွင်းသားနှင့် မေးနှစ်ထပ် ဖြစ်နေသော အဆီများကို လျှော့ချပေးနိုင်မည်ဟု ဆိုသည်။ Epochasကို ခန္ဓာကိုယ် အချိုးအဆက် ပန်းပုထုသည့် လိမ်းဆေးအဖြစ် ညွှန်းဆိုထားပြီး တိတိကျကျ သတ်မှတ်ထားသည့် နေရာများတွင် လိမ်းပေးခြင်းဖြင့် အဆီများကို လောင်ကျွမ်းစေမည်ဟု သိရသည်။

အဆိုပါလိမ်းဆေးကို စိတ်ဝင်စားသူ များပြားနေသော်လည်း သိပ္ပံပညာရှင်များက ယင်းလုပ်ဆောင်မှုသည် လူအများအတွက် ကျန်းမာရေး လိုက်စားမှုကို ကင်းဝေးစေပြီး နုံချာအားပျော့လာအောင် တွန်းအားပေးမှု တစ်ခုဟု စွပ်စွဲထားသည်။ ဗြိတိန်နိုင်ငံ၏ ကြော်ငြာစံနှုန်း စီစစ်ရေး အာဏာပိုင်အဖွဲ့ (ASA)က မိမိတို့အနေဖြင့် ယင်းလိမ်းဆေးနှင့် ပတ်သက်ပြီး မကျေမနပ် တိုင်ကြားမှု တစ်စုံတစ်ရာ မရှိမချင်း စစ်ဆေးကြားဝင်ခွင့် မရှိဟု ဝန်ခံထားသည်။

(၇၅)မီလီလီတာ ဝင်ဆံ့သည့် အိုးငယ်လေးနှင့် (၅၀)မီလီလီတာ Tubeတောင့်လေးတို့ ပါဝင်သည့် လိမ်းဆေးကို ဗြိတိန်ငွေ (၇၅)ပေါင်နှင့် ရောင်းချနေပြီး ဝယ်ယူသူများ အနေဖြင့် ခရင်မ်ကို မနက်ပိုင်းတွင်လိမ်းကာ Tubeတောင့်ထဲမှ အရည်ကြည်ကို ညပိုင်းတွင် လိမ်းရန် အကြံပြုချက် ရရှိထားကြောင်း သိရသည်။ Epochasသည် လက်မအနည်းငယ်မျှထိ အဆီထုကို ကျဆင်းစေမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ ထို့အပြင် ဗြိတိန်တွင် စမ်းသပ်မှုများအရ အမျိုးသမီး (၂၄)ဦးတွင် စုစုပေါင်း အဆီပမာဏ (၄၁)လက်မထိ (၁၀)ရက်အတွင်း ကျဆင်းသည်ကို တွေ့ရှိရကြောင်းလည်း ဝက်ဘ်ဆိုက်က ညွှန်းဆိုထားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ