ရွန်နီ၏ ခေါင်းဆောင်မှု စွမ်းရည်ကို မိုယက်စ်ချီးကျူး

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီအား စစ်မှန်သော ခေါင်းဆောင်အရည်အသွေး ရှိသူတစ်ဦးဟု ချီးကျူး ညွှန်းဆိုလိုက်သည်။

အိုးလ်ထရက်ဖို့ဒ် သမိုင်းအစဉ်အဆက် အထည်ဝါ အခမ်းနားဆုံး ကစားသမားများနှင့် တန်းတူနီးပါး အခြေအနေမျိုး ရွန်နီအနေဖြင့် ပိုင်ဆိုင်နေပြီဟုလည်း မိုယက်စ်က ယူဆထားသည်။ ရွန်နီသည် ယခုရာသီ ယူနိုက်တက်၏ တက်ကြွထက်သန်မှု အရှိဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်သည်။ ၎င်းသည် ကွင်းလယ် ကစားသမား အများအပြား ဒဏ်ရာရနေချိန်တွင် မူလ တိုက်စစ်မှူး နေရာကို စွန့်ခွာကာ ကွင်းလယ်သို့ ဆင်း၍ တာဝန်ယူပေးနေသူလည်း ဖြစ်သည်။ ဝက်စ်ဟမ်းယူနိုက်တက်ကို အနိုင်ရသော ပွဲစဉ်တွင် ရွန်နီအနေုဖြင့် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ကွင်းလယ်လူအဖြစ်နှင့် အသင်းဖော်များ ဂိုးသွင်းနိုင်အောင် နှစ်ကြိမ် ဖန်တီးပေးခဲ့သည်။

အသက်(၂၈)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်နှင့် ပတ်သက်ပြီး မိုယက်စ်၏ ၎င်း၏ ဦးဆောင်ဦးရွက်ပြုမှု အရည်အသွေးကို အလေးအနက် အသိအမှတ် ပြုခဲ့သည်။ "ရွန်နီနဲ့ ပတ်သက်ပြီး လွန်လွန်ကဲကဲ ကျွန်တော် သတိပြု ခံစားမိတာ ဘာလဲသိလား။ အဲဒါကတော့ ခေါင်းဆောင်မှု စွမ်းရည်ပဲ။ သူဟာ အသင်းနဲ့ ပတ်သက်သမျှ တာဝန်ယူချင်နေသူ တစ်ယောက်၊ သူ့ကစားပုံနဲ့ ပတ်သက်ရင် အမြဲတမ်း ဂရုတစိုက် ပြန်ဆန်းစစ်နေသူ တစ်ယောက်ပါ။ ဒီလို အရည်အသွေးကောင်းတွေ သူ့ဆီမှာ ကျွန်တော် မြင်နေရတယ်"ဟု မိုယက်စ်က ဆိုသည်။

၎င်းက "သူ့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေရင်တော့ ကျွန်တော် သူ့ကို အချိန် အတိုင်းအတာ တစ်ခုထိ အနားပေးရင် ပေးထားမှာပါ။ တကယ်တော့ သူဟာ အသင်းအတွက် ဘာလုပ်ပေးရပေးရ ပြဿနာလို့ မမြင်ပါဘူး။ ခုဆို သူအသက် ရလာပါပြီ။ ကျွန်တော်တို့ မြင်တွေ့နေကျ ချာတိတ်လေး မဟုတ်တော့ဘူး ဆိုတာကို သူကိုယ်တိုင်လည်း သတိထားမိနေပြီ ဖြစ်ပါတယ်။ အသင်းမှာ သူက စီနီယာတစ်ယောက် ဖြစ်လာပါပြီ။ ခုဆိုရင် ကလပ်ရဲ့ အခမ်းနားဆုံး ဂန္ထဝင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်ဖို့ အနီးစပ်ဆုံးတောင် ဖြစ်နေခဲ့ပါပြီ"ဟုလည်း ချီးကျူးသွားသည်။

Ref:skysport
Soccer Myanmar |

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ