နတ်များ အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အိုက်စ်လန်လမ်းသစ်စီမံကိန်း ဆိုင်းငံ့ထားရ

အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။

အိုက်စ်လန် နိုင်ငံတွင် လမ်းဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို နတ်များ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် တရားရုံးက တားဆီးထားလိုက်ကြောင်း သိရသည်။ အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။ အဓိကအားဖြင့် ယခုလမ်းသစ် စီမံကိန်းသည် နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု တန်ဖိုးများကို ထိပါးစေမည်ဟု ယင်းအဖွဲ့က ထောက်ပြခဲ့သည်။

ထို့အပြင် လမ်းပိုင်းဖောက်လုပ်မှုများက Elfမျိုးနွယ်ခေါ် ဒဏ္ဍာရီလာ နတ်သူငယ်လေးများ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်းလည်း ၎င်းတို့က ယုံကြည်လျှက် ရှိသည်။ ယခုအခါ အိုက်စ်လန် တရားရုံးချုပ်က ကြားဝင်လာပြီး လမ်းသစ်စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ခဲ့သည်။ အေးချမ်းသာယာသည့် ကမ္ဘာ့မြောက်ဖျား နိုင်ငံတစ်ခုဖြစ်သော အိုက်စ်လန်တွင် နတ်သူငယ်လေးများ တည်ရှိသည်ဆိုသော အယူအဆ ခိုင်ခိုင်မာမာ စွဲကပ်နေဆဲ ဖြစ်သည်။

Lord of the Ringsကဲ့သို့ ဇာတ်ကားများတွင် ပါဝင်သော Elfမျိုးနွယ် နတ်များသည် မိမိတို့ နိုင်ငံအတွင်း ရှင်သန်တည်ရှိနေဆဲဆိုသည့် အယူအဆကို အိုက်စ်လန်နိုင်ငံသား (၆၂)ရာခိုင်နှုန်းက ကိုင်ဆွဲထားဆဲဖြစ်ကြောင်း မကြာသေးမီ နှစ်ပိုင်းအတွင်းကက ကောက်ယူသည့် စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ