အတီးပိုင်းဆိုင်ရာနည်းပညာတွေမြင့်မားလာတဲ့အကြောင်း ဓိရာမိုရ် ပြော

နောက်ခံတေးဂီတတွေကို ဖန်တီးသူ၊ ဂီတကဗျာ တေးဂီတ အဖွဲ့ရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ဓိရာမိုရ် က နည်းပညာ တွေ တိုးတက် ပြောင်း လဲလာ တာနဲ့ အမျှ နောက်ခံ တေး ဂီတတွေကို လည်း ဆန်းသစ်တဲ့ software ပညာတွေနဲ့ ဖန်တီးလာကြတာ ကို တွေ့ရပါတယ်။နောက်ခံ တေးဂီတတွေ ဖန်တီးတဲ့ နေရာမှာ နည်းပညာရဲ့ လိုအပ် ချက်တွေ အကြောင်းမေးကြည့် ဖြစ်ခဲ့ရာ “ကျွန်တော်တို့ တီးပြီး နောက်ပိုင်းမှာ ကျတော့ ကွန်ပျူတာနဲ့ လုပ်လို့ရတဲ့ ပုံစံမျိုးတွေများလာတယ်။ နိုင်ငံ တကာမှာတော့ ဒီလို နည်းပညာ ထွန်းကားနေတာကြာပြီ။

ကိုယ်တွေ ဘက်မှာ ကျတော့ပြီး ခဲ့တဲ့ နှစ်အနည်းငယ်ကနေ ခုဒီဘက်ထိ ရောက်လာပြီ။ အဲဒီအပေါ်မှ စိတ်ဝင်စား လာတဲ့သူတွေလည်း များလာပြီ။ နောက်ပြီးတော့ လုပ်ချင်စိတ် ရှိတဲ့ ပညာရှင်တွေလည်းများ လာတယ်။ တစ်ခုပဲ လိုနေသေးတယ်။အဲဒါကတော့ ဒီနောက်ခံ တေးဂီတနဲ့ အသံပိုင်းဆိုင်ရာက ဒီရုပ်ရှင် အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို လူတွေ များများ သိဖို့ နဲ့ ပရိုဂျူဆာတွေ ဘက်ကလည်း အဲဒါကို တန်ဖိုး ထားဖို့ပဲ။

အဓိကကတော့ အနုပညာ ပဲ။ နည်းပညာဆိုတာ အနုပညာ ကို ကူညီတဲ့ အရာပဲ။နည်းပညာ တွေ တိုးတက်လာပေမယ့်ဘာမှ မကောင်းတာတွေလည်း အများ ကြီးရှိနေ တာပဲ။ ဟိုးရှေး ခေတ် တုန်းက ဆိုရင်လည်း ဘာနည်း ပညာမှမရှိဘူး။ ဒါပေမဲ့ အခု ချိန်ထိတအားကောင်းနေတဲ့ ဟာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီ အနုပညာ တွေကို များစွာ ပံ့ပိုးပေးနိုင်မယ့် နည်း ပညာတွေကတော့ ခုလက်ရှိမှာ ရှိနေပြီ။ ဟိုးရှေး ခေတ်တုန်းက မလုပ်နိုင်တဲ့အသံတွေ အခုမျိုးစုံ လုပ်လို့ရနေပြီ။ ဒါကတော့ နည်းပညာရဲ့ ပံ့ပိုးမှုပေါ့။ အခု ခေတ်ကျတော့ နည်းပညာတွေ က ပိုမြင့်လာတယ်” လို့ ပြောပြ ခဲ့ပါတယ်။

သိမ့်သိမ့်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ