ဆွာရက်စ်အတွက် အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှု ဟာ ပျက်လုံး တခု ဖြစ်ခဲ့ပါတယ် (ရော်ဂျာ)

လီဗာပူးလ် အသင်း၏ နည်းပြ ဖြစ်သူ ဘရန်ဒန် ရော်ဂျာ သည် နွေရာသီ အပြောင်း အရွေ့ ကာလ အတွင်း အသင်း၏ တိုက်စစ် မှူး ဖြစ်သူ လူးဝစ် ဆွာရက်စ် အား ခေါ်ယူရန် ကြိုးပမ်းခဲ့ သော အာဆင်နယ် အသင်း၏ ပြောင်းရွေ့ကြေး ပမာဏ သည် ၄င်းတို့ အတွက် ဟာသ ပျက်လုံးတခု သဖွယ် ဖြစ်ခဲ့ကြောင်း ပြန်လည် ဖွင့်ဟခဲ့ သည်။အာဆင်နယ် အသင်း ၏နည်းပြ အာစင်ဝင်းဂါး သည် လူးဝစ် ဆွာရက် အား ဦးစား ပေးခေါ် ယူ ရန်ကြိုး ပမ်းခဲ့ ခြင်း ဖြစ်သည်။ ထို့ကြောင့် ပေါင် သန်း(၄၀) ဖြင့် ကနဦး ကမ်းလှမ်းခဲ့ ရာတွင် လီဗာပူးလ် အသင်း က ထိုပမာ ဏ သည် ကစားသမား အား ခေါ်ယူရန် လုံလောက်သည့် ပမာဏ မဟုတ်ကြောင်း ပြောင်းရွေ့ကြေး အား တိုးမြှင့် ပေးရန်တောင်းဆိုခဲ့ ရာတွင် အာဆင်နယ် အသင်းက ပေါင်သန်း(၄၀) အပါအ၀င် (၁) ပေါင် ပိုပေးခဲ့ ခြင်း ဖြစ်သည်။

ဘရန်ဒန် ရော်ဂျာက "ရိုးသား စွာ ၀န်ခံရရင် ကျွန်တော်တို့ တွေ ရယ်မော ဟားတိုက်ခဲ့ ပါတယ်။ ကျွန်တော် တို့ အဲ့ချိန် ရာသီကြို ခြေစမ်း ပွဲအတွက် အဝေး ရောက်နေတဲ့ အချိန်ပါ။ အာဆင်နယ် အသင်း ကမ်းလှမ်း တဲ့ ပမာဏ ကို မြင်တော့ ကျွန်တော့အတွက် ဟာသ တခုလိုပါဘဲ။ အာဆင်နယ် အသင်းဟာ ကစားသမား တွေ ကိုဝယ် ဖို့အတွက် အနည်းဆုံး ဈေး နဲ့ ၀ယ်နိုင်အောင် လို့ အကြံပေး ခံထား ရ သလိုပါဘဲ။ အာဆင်နယ် အသင်း ရော ၊ လီဗာပူးလ် အသင်းပါ သမိုင်းကြောင်း ကိုယ်စီ ထည်ဝါ တဲ့ အသင်း တွေပါ။ သူတို့ ရဲ့ကမ်းလှမ်းမှု ဟာ လုံးဝ ဆိုးရွားတဲ့ အပြုအမူ ဖြစ်ပြီး ကျွန်တော် တို့ အသင်း ကိုလဲ မလေး စားရာ ရောက်ပါတယ်။ ရှယ်စရာ ကောင်းတဲ့ အပြုအမူ တခုပါ။ ဒါကြောင့် ဒီအပြောင်း အရွေ့ မဖြစ် မြောက်ခဲ့ တာပါ။ ဒါပေမဲ့ အာဆင်နယ် အသင်း အနေ နဲ့ ပေါင်သန်း(၄၀) နဲ့ တပေါင် ဒါမှမဟုတ် ပေါင်သန်း (၄၀) နဲ့ တစ်ပဲနိ နဲ့ ပဲ ကမ်းလှမ်း ကမ်းလှမ်း ကျွန်တော် တို့ အသင်းက ဆွာရက်စ် ကို ရောင်းဖို့ အစီအစဉ် မရှိပါဘူး။ သူဟာ ထိပ်တန်း ကစားသမား တယောက် ဖြစ်တဲ့ အတွက် အသင်းအတွက် လိုအပ်တယ်လေ"ဟူရ်ျ ပြောသွားခဲ့သည်။

ဆွာရက်စ် သည် အသင်း အနေ ဖြင့် ချန်ပီယံ လိဒ် ၀င်ခွင့် မရရှိ ခဲ့ ပါက မိမိ အား အသင်း ပြောင်းခွင့် ပေးမည် ဟူ သော သဘော တူညီ ချက် ကို ဖောက်ဖြတ် ခဲ့ သည် ဟုစော ဒက တက်ခဲ့ သော ကြောင့် သြဂုတ် လအတွင်း တဦးတည်း လေ့ကျင့် ခန်း ဆင်းရန် ပြစ်ဒဏ် ပေးခြင်း ခံခဲ့ ရသေး သည်။

ရော်ဂျာက " ဒီလို အခြေအနေ မျိုးမှာ ကစားသမား တွေအားလုံးက မန်နေဂျာ ဘာလုပ်မလဲ ဆိုတာ ကိုစိတ် ၀င်စား နေကြ မှာပါ။ဒါဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့ အခြေအနေ တရပ် ဖြစ်တယ်လေ။ အခြေ အနေ တွေ ဘယ်လောက်ဘဲ ခက်ခဲ နေပါစေ ကျွန်တော် တို့ အနေ နဲ့ ရာသီ အဖွင့် အစော ပိုင်း ကာလကို အကောင်းဆုံး စတင်ခဲ့ ပြိးပါပြီ။ ကျွန်တော့ တာဝန် က အသင်း ကို ကာကွယ် ဖို့ပါ" ဟူရ်ျ ပြောသွားသည်။

Written by ဒီးရမ်(မနောမြေ)
Football Café

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ