ရန်ကုန်၊ နိုဝင်ဘာ ၂
၃၁.၁၀.၂၀၁၃ရက်နေ့ ၁၉၄၅အချိန် ပုဇွန်တောင်မြို့နယ်၊ (၈)ရပ်ကွက်၊ မောင်ရဲလင်းအောင် (ဘ)ဦးထွန်းအောင်သည် သူငယ်ချင်းဖြစ်သူနှင့်အတူ စည်ပင်အားကစားဝင်းသို့ ကျူရှင်တက်ရန်အတွက် (၁၅)ပေဂုံးတံတား ပေါ်မှသွားခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ဟိန္ဒူဘုရားကျောင်းအနီးအရောက်တွင် လူမြင်လျင်မှတ်မိလူငယ်(၄)ဦးမှ ၎င်းတို့ (၂)ဦးအား ၀ိုင်းဝန်းတွန်းထိုး၍၎င်းတို့ထံတွင်ပါလာသောဆင်းကဒ်ပါ Nokia အမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း (၁)လုံး၊ နာရီ (၂)လုံး၊ MP 3 (၁)လုံး၊ အပြာရောင်ကျောပိုးအိတ် (၁)လုံး စုစုပေါင်းတန်ဘိုး ငွေကျပ်(၄၂၈၂၀၀)အား လုယူထွက်ပြေးသွားသဖြင့် ၎င်းတို့ (၄)ဦးအား အရေးယူပေးရန် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၇၂၃/၂၀၁၃၊ ပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်းခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုံစမ်းခဲ့ရာ ၁.၁၁.၂၀၁၃ရက်နေ့တွင် အဆိုပါပြစ်မှုကျူးလွန်သူ နန္ဒ(ခ)ငါးဘီးလူး (ဘ)ဦးဝေလင်းထွန်း၊ ပုသိမ်မြေရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ခေါလေး(ခ) စန်းဝင်း (ဘ)ဦးခင်မောင်၊ (၁၀)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်း (ဘ)ဦးအောင်သန်း၊ ဆေးစပ်ရပ်ကွက်၊ ဒေါပုံမြို့နယ်နှင့် သန်းထိုက်(ခ)သံလက်သီး (ဘ)ဦးတင်အေး၊ ဆေးစပ်ရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူတို့ (၄)ဦးအား အခင်းဖြစ်အနီးဝန်းကျင်မှ ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ အဆိုပါအမှုအား ၎င်းတို့ (၄)ဦးမှ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ကာ သက်သေခံပစ္စည်းများအား ပြန်လည်အပ်နှံပေးသဖြင့် သိမ်းဆည်းခဲ့ပြီး အခြားအမှုများနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin