ကိုလန်ဘီယာနိုင်ငံသား ဘိန်းဘုရင်ကိုစပိန်နိုင်ငံတွင် ဖမ်းမိ

ကိုလံဘီယာနိုင်ငံရှိ အဆိုးရွားဆုံး ဘိန်းဂိုဏ်းအဖွဲ့တစ်ခုမှ နာမည်ကျော်ဘိန်းဘုရင် ပလန်စီယာဂွန်ဇ်လက်ကို စပိန်နိုင်ငံတွင် ဖမ်းမိထား ကြောင်း ရဲများပြောကြားချက်ကို BBC သတင်းဌာနက ဖော်ပြထားသည်။

ဂွန်လက်သည် ယူရေဘီနို့(စ်) ဘိန်းဂိုဏ်းအဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကိုလံဘီယာရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှုအပါအ၀င် ရာဇ၀တ်မှုပေါင်း
ျားစွာကို ကျုးလွန်ထားမှုကြောင့် ရဲများက အလိုရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရဲများ၏ပြောကြားချက်အရ ဂျွန်ဇ်လက်သည် စပိန်နိုင်ငံသို့ ဘိန်းရောင်းဝယ်ဖောက်ကားမှု လမ်းကြောင်းအသစ်ကိုစတင်ရန် စီစဉ်နေချိန်တွင် သောကြာနေ့ကစပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၎င်းကို ရဲများကဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိသော ဂျွန်ဇ်လက်သည် ကိုလန်ဘီယာနိုင်ငံတွင် ထောင်ဖောက်ထွက်ပြေးခဲ့ကြောင်းနှင့် ယခုနှစ် အစောပိုင်းတွင် ရဲများ၏
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုတွင် ဂိုဏ်းအဖွဲ့ဝင် ခြောက်ဦးကိုဖမ်းဆီးခဲ့ပြီး ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်းကိုလံဘီယာရဲများက ဂျွန်ဇ်လက်သည် နောက်ထပ်ရဲများကို သတ်ဖြတ်ရန်အစီအစဉ်ရှိကြောင်း စွပ်စွဲထားကြောင်း သိရသည်။

နိုင်ငံတကာ ရာဇ၀တ်မှုနှိမ်နင်းရေးအဖွဲ့က ၎င်းကိုဝရမ်းထုတ်ခဲ့ပြီး ၎င်းသည် လက်နက်ကိုင်ဆောင်ထားကြောင်းနှင့် အန္တရာယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ယူရေဘီနို(စ်) ဂိုဏ်းသည် ကိုလံဘီယာနိုင်ငံ၏ ရှည်လျားခဲ့သော ပြည်တွင်းစစ် အတောအတွင်းလက်ဝဲပျောက်ကျားအဖွဲ့ကို ဦးဆောင်ခဲ့သော
၁၉၈၀ နှစ်က ပါလီမန်အဖွဲ့ဝင်ဟောင်းအချို့ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စပြည့်ဖြိုးဝင်း
People power


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ