တီဘီရောဂါကြောင့် ၂၀၁၂ခုနှစ်အတွင်း လူဘယ်နှစ်ဦး သေဆုံးခဲ့ရသလဲ

တီဘီရောဂါကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးရတဲ့သူတွေ ဘယ်နှစ်ယောက်များသလဲဆိုတာကို သင်သိပါသလား။ ၂၀၁၃ခုနှစ်မကုန် သေးတဲ့အတွက် ၂၀၁၃ခုနှစ်အတွက် စာရင်းဇယားတွေကို ယခုနှစ်ကုန်မှ ထွက်လာမှာဖြစ်ပါတယ်။ ယခင်နှစ် တစ်နှစ်တာအတွင်း သေဆုံးတဲ့အရေအတွက်ကို သိထားခြင်းဟာရောဂါကို ကုသကာကွယ်မှုတွေမှာ လူထုအနေ နဲ့ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ တီဘီရောဂါကြောင့် ကမ္ဘာ့လူဦးရေ ၁.၃ သန်းဟာ သေဆုံးခဲ့ပါတယ်။ ဒါဟာ HIV/AIDS  ပြီးရင်လူအဖြစ်အများ ဆုံးကူးစက်ရောဂါဖြစ်တဲ့ တီဘီရဲ့သေဆုံးမှုအရေအတွက်ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ဒီအရေအတွက်ဟာ ၂၀၁၁ခုနှစ်က ထက် တစ်သိန်းကျော်နည်းသွားတယ်လို့ ဆိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ တီဘီရောဂါဖြစ်ပွားသူ အရေအတွက်ကတော့ တစ်ကမ္ဘာလုံးမှာ ၈.၆သန်းရှိ ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်ရဲ့ သုံးပုံ နှစ်ပုံကိုသာ ရောဂါအမည်တပ်နိုင်ခဲ့ပါတယ်။ WHO ၊ တီဘီပရိုဂရမ် ရဲ့ ဒါရိုက်တာ Mario Raviglione ကတော့ “ယခုနှစ်ပိုင်းအတွင်းမှာ အရည်အသွေးမြှင့်တင်ထားတဲ့ တီဘီကုသမှု ဆေးဝါးတွေကို ကမ္ဘာနဲ့အ၀ှမ်းဖြန့်ဝေနိုင်ခဲ့တာကြောင့် တီဘီ ရောဂါကြောင့်သေဆုံးမှုတွေ ကျဆင်းလာနေပါပြီ။ ဒါပေမယ့် လူသန်း ပေါင်းများစွာကတော့ အဲဒီကုသမှုတွေကို မသိကြသေးဘဲ ရောဂါခံစားရမှုတွေ ရှိနေဆဲပါပဲ။ တီဘီဝေဒနာရှင်တွေဟာ ရောဂါအမည်မတပ်ခံ ရခြင်း၊ ကုသမှုကိုမခံယူရခြင်းတွေကြောင့် သေဆုံးမှုတွေ ဖြစ်ပေါ်လာရတာပါ။ ကမ္ဘာ့တီဘီဝေဒနာရှင်တွေရဲ့ သုံးပုံတစ်ပုံဟာ အရှေ့တောင် အာရှဒေသမှာ ရှိနေပါတယ်။ လေးပုံတစ်ပုံကတော့ အာဖရိကမှာ ရှိနေပါတယ်”လို့ ရှင်းပြထားပါတယ်။

အာရှတိုက်မှာ အဖြစ်များဆုံး နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး ဝေဒနာရှင်စုစုပေါင်းရဲ့ ၂၆%ကို ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံကတော့ ၁၂%နဲ့ ဒုတိယလိုက်နေပါတယ်။ အန္တရာယ်အများဆုံး တီဘီကတော့ ဆေးဝါးတွေကို ယဉ်ပါးနေတဲ့ mulltidrug-resistant TB,MDR  ပဲဖြစ်ပါတယ်။ MDR-TB ဟာ ပုံမှန် တီဘီရောဂါမှာ အသုံးပြုပြီးအောင်မြင်နေတဲ့  Isoniazid နဲ့ Rifampicin  ကို ယဉ်ပါးနေပါပြီ။ ဒါ့အပြင် စိုးရိမ်စရာအချက်ကတော့ ၂၀၂၅ခုနှစ် မတိုင်မီ ဘယ်တီဘီရောဂါ ကာကွယ်ဆေးမှ ပေါ်ပေါက်မှာမဟုတ်ဘူးလို့ WHO ကပြောဆိုထားပါတယ်။

၂၀၁၂ခုနှစ်အတွင်း တီဘီရောဂါကြောင့် လူ၁.၃သန်း သေခဲ့ရတဲ့ အထဲမှာ MDR-TBကြောင့် သေဆုံးရသူ လေးသိန်းခွဲလဲ ပါဝင်နေပါတယ်။

သန့်စင်
ref: ANI

Health Updates Journal No. 91

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ