မန္တလေးဘူတာကြီးရှေ့တွင် ကားစောင့်နေစဉ် အိတ်လုခံရ

မန္တလေးဘူတာကြီးတွင် ခရီးသည်များထံမှ အိတ်လုယက်မှု နိုဝင်ဘာ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးဘူတာကြီးတွင် ရန်ကုန်-မန္တလေးရထားဖြင့် လိုက်ပါလာသော ရန်ကုန်မြို့မှ ခရီးသည်ငါးဦးသည် နိုဝင်ဘာ ၁၈ ရက် နံနက်က လမ်း ၃၀x၇၈ လမ်း ထောင့်တွင် လာကြိုမည့်ကားကို စောင့်နေစဉ် အမျိုးသားနှစ်ဦး စီးနင်းလာသော နံပါတ်မပါဆိုင်ကယ်တစ်စီးသည် စုပုံချထားသည့် အိတ်များအတွင်းမှ လက်ကိုင်အိတ်နှစ်လုံးကို လုယက်ထွက်ပြေးသွားသည်။

လုယူခံရသော လက်ကိုင်အိတ်များတွင် မှတ်ပုံတင်ကတ် နှစ်ခု၊ ကျပ်လေးသိန်းခန့်တန် စိန်လက်စွပ်တစ်ကွင်း၊ ကျပ်လေးသိန်းခန့်တန် ရွှေဟန်းချိန်း တစ်ခု၊ ငွေကျပ်သုံးသိန်းခွဲခန့်နှင့်  HTC Butterfly အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ကျပ်ငါးသောင်းတန် JVC အမျိုးအစား နားကြပ်တစ်ခု စုစုပေါင်းတန်ဖိုး ကျပ် ၂၅ သိန်းဖိုးခန့် ပါရှိသည်။

ယင်းအမှုနှင့်ပတ်သက်၍ မြို့မ ရဲစခန်းအမှတ် (၈)မှ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

7day Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ