မှော်ဘီမြို့နယ်၊ ရဲဘော်ဈေးရှေ့တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန်ထောက်ကြန့်ဘက်မှမှော်ဘီဘက်သို့ ယာဉ်မောင်း သန်းတင့်(စုံစမ်းဆဲ)၊ ကျွန်းကလေးကျေးရွာ၊ လက်ပံတန်း မြို့နယ်နေသူ မောင်းနှင်လာသည့် ဘ/၂၁၅၄၊ ဟိုင်းလတ်အဖြူရောင် အငှားယာဉ်သည် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရဲဘော်ဈေးရှေ့၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၄)အနီးတွင် ၄င်း၏ရှေ့မှ စက်ဘီးစီးနင်း နေသူ ဦးဘို(ဘ)ဦးကံညွန့်၊ ကြက်ဖြူကန်
ကျေးရွာ၊ ရှမ်းပိုင်းရပ်၊ မှော်ဘီမြို့နယ်နေသူအား နောက်မှတိုက်မိသဖြင့် စက်ဘီစီးနင်းသူ ဦးဘိုတွင် ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာ၊ ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့စဉ် သေဆုံးသွားခဲ့ပါသည်။

အခင်းဖြစ်ရာ၌ ယာဉ်ကိုထား၍ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်မောင်း သန်းတင့်အား မှော်ဘီမြို့မ ရဲစခန်းယာဉ်(ပ)၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ