စင်္ကာပူကျောင်း ၁၃ ကျောင်း၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်မှုခံရ

ပညာရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်ခံရသည့် ဝက်ဘ်ဆိုက်များ ပုံမှန်ပြန်ဖြစ်ရေး ဆောင်ရွက်နေ

စင်္ကာပူကျောင်း ၁၃ ကျောင်း၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်မှုခံရ
စင်္ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန (MOE) လက်အောက်ရှိ ကျောင်း ၁၃ ကျောင်း၏ ဝက်ဘ်ဆိုက်များ ယနေ့ မွန်းလွဲပိုင်းတွင် ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့ရသည်။ ပညာရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်ခံရသည့် ဝက်ဘ်ဆိုက်များ ပုံမှန်ပြန်ဖြစ်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ကျောင်းများ၏ ဝက်ဘ်ဆိုက်တို့မှာ စင်္ကပူအချိန် ယနေ့ မွန်းလွဲ ၃း၃၀ မှ ၅း၀၀ အတွင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ယနေ့ တိုက်ခိုက်ခံခဲ့ရသော ကျောင်းများ၏ ဝက်ဘ်ဆိုက်များအားလုံးကို ဆာဗာတစ်ခုတည်းတွင် ထားရှိလည်ပတ်နေခြင်းဖြစ်ကြောင်း Channel NewsAsia သတင်းက ပြောကြားသည်။ စင်္ကာပူတွင် ယနေ့ဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှု ခံရသော ကျောင်းများမှာ Bukit Timah Primary, Canberra Primary, Compassvale Primary, Greendale Primary, South View Primary, West View Primary, Woodlands Ring Primary, Henderson Secondary, Kent Ridge Secondary, Maris Stella High, Raffles Girls', St Gabriel's Secondary နှင့် St Andrew's Junior College တို့ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ