ဂိုးသမားဂျိုးဟတ် အနားယူရန်လို၍ ချန်လှပ်ခဲ့ခြင်းဖြစ်ဟု ပယ်လီဂရီနီ ဆင်ခြေပေး

နောဝစ်ခ်ျကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အသင်းပထမဂိုးသမား ဂျိုးဟတ်ကို လူစာရင်းမှ ချန်လှပ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် မန်စီးတီးနည်းပြ ပယ်လီဂရီနီက ကာကွယ်ပြောကြားလိုက်သည်။

ဂိုးသမားဂျိုးဟတ်အနေဖြင့် အနားယူရန်လိုအပ်နေသောကြောင့် ယခုကဲ့သို့ အနားပေးထားရခြင်းဖြစ်ကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီးဂိုးသမား ပယ်လီဂရီနီသည် ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပါအ၀င် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း အမှားများကို ပြုလုပ်ခဲ့သောကြောင့် ပယ်လီဂရီနီ၏ ပွဲထွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။ ဂျိုးဟတ်ကို ချန်လှပ်ရန် ဆုံးဖြတ်ခဲ့ရသည့်အချိန်မှာ မိမိအတွက် ခက်ခဲခဲ့သည်ဟု နည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

တခြားသတင်းများအရ မန်စီးတီးတိုက်စစ်မှူး အဂူရိုကို လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်ကာလတွင် ကမ်းလှမ်းသွားရန် ဘိုင်ယန်မြူးအသင်းဘက်မှ စီစဉ်နေကြောင်း သိရသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာတွင် ရှိစဉ်ကတည်းက တိုက်စစ်မှူး အဂူရိုကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး ယခု ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ချိန်တွင် ထပ်မံ ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဒေါ့မွန်တိုက်စစ်မှူး လီဝမ် ဒိုစကီးကို ခေါ်ယူချင်သော်လည်း အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူနိုင်ရန် မသေချာတော့သည့်နောက် မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။

7Day Sport Journal.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ