လော့စ်အိန်ဂျလိစ်လေဆိပ်တွင် သေနတ်ပစ်ခတ် တိုက်ခိုက်မှုတရားခံ လူသတ်မှုဖြင့် စွဲချက်တင်

[ လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၃ ၊ Ref-AFP ]

လော့စ်အိန်ဂျလိစ် လေ ဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုတွင် သံသယရှိသူ အမျိုးသားတစ်ဦးအား လူသတ် မှုဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရ သည်။ သံသယရှိသူမှာ အသက် ၂၃နှစ်အရွယ်ရှိ ပေါလ်အန်သိုနီ ဆီယန်စီယာဆိုသူဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း တွေ့ရှိပါက သေဒဏ်အပြစ်ပေးနိုင်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း တရား ရုံးရှေ့နေတို့က ပြောခဲ့သည်။

မစ္စတာ ဆီယန်စီယာသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံရ ပြီးနောက် ဆေးရုံတွင် ဆေးကုသ မှုခံယူနေရသူဖြစ်သည်။ လော့စ် အိန်ဂျလိစ်လေဆိပ် သေနတ် ဖြင့် ပစ်ခတ်မှုတွင် ပြည်ထောင်စု လုံခြုံရေး အေးဂျင့်တစ်ဦးသေ ဆုံးကာ အခြားသူများ ဒဏ်ရာ ရရှိခဲ့သည်။ လေဆိပ်သေနတ် ပစ်ခတ်မှုဖြစ်ပွားရာတွင် လေ ကြောင်းခရီးစဉ် ၁၅၅ဝနှင့် ခရီး သည် ၁၆၇၀၀ဝတို့အပေါ် သက် ရောက်မှုရှိခဲ့သည်ဟု သိရသည်။

ရှေ့နေအင်ဒရေးဘာရော့ ၏ ပြောကြားချက်အရ သေ နတ်သမားသည် သူ၏အိတ်ထဲ မှ ရိုင်ဖယ်သေနတ်ကို ဆွဲထုတ် ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အက်ဖ်ဘီအိုင်ကလည်း သေ နတ်သမား၏ကိုယ်ပေါ်တွင် လက်ရေးဖြင့်ရေးထားသော မှတ် ချက်စာရွက်တစ်ရွက်ကို တွေ့ရှိ ရပြီး စာထဲတွင်တရားခံကိုယ် တိုင်လက်မှတ်ရေးထိုးထားပြီး စာထဲတွင် လေဆိပ်သယ်ယူပို့ ဆောင်ရေးဆိုင်ရာ လုံခြုံရေးအဖွဲ့ ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထား သည်ကို ရေးသားထားကြောင်း တွေ့ရှိရသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သံသယရှိသူ မစ္စတာဆီယန်စီယာနှင့် တွေ့ဆုံ မေးမြန်းရသေးခြင်းမရှိကြောင်း အက်ဖ်ဘီအိုင်၏ လော့စ်အိန် ဂျလိစ်ရုံးအကြီးအကဲ ဒေးဗစ် ဘိုဒစ်ခ်ျက ပြောကြားခဲ့သည်။ လေဆိပ်ရဲအရာရှိနှစ်ဦး၏ သေ နတ်ဖြင့်ပစ်ခတ်မှုကြောင့် မစ္စ တာဆီယန်စီယာ၏ ပါးစပ်နှင့် ခြေထောက်ကို ထိမှန်ခဲ့သည့်အ တွက် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ