အမေရိကန်ကို ၂၉ နာရီနီးပါး တစ်ပတ်ပတ်၍ စံချိန်တင်သူ

ခေတ်အဆက်ဆက်က သမိုင်းဝင် စံချိန်တင်ထားတဲ့ ဆရာ့ဆရာတွေကို ကျော်ဖြတ်လို့ အမေရိကန်က ဒရိုင်ဘာ တစ်ယောက် လက်စွမ်းပြ မောင်းနှင်ခဲ့ပါပြီ။

သူ့အမည် ကတော့ Ed Bolian လို့ အမည်ရပြီး အမေရိကန်ပြည်ထောင် အရှေ့ ဘက်အခြမ်းကနေ အနောက်ဘက်ပိုင်း ဒေသအထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ နယ်မြေ အတိအကျ အားဖြင့် Manhattan မှ Red Ball Garage ကနေ CRedondo Beach, CA က Portofino Hotel အထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်ချိန်က ၂၈ နာရီနဲ့ ၅၀ မိနစ် ဖြစ်ပြီး ယခင်က ၃၂ နာရီနဲ့ စံချိန်တင်ထားသူ Alex Roy ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

စုစုပေါင်း မိုင်ပေါင်း ၂၈၁၃.၇ မိုင်ခရီး ဖြစ်ပြီး တစ်နာရီ ၉၈ မိုင်နှုန်းနဲ့ ပျမ်းမျှ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မော်ဒယ် Mercedes-Benz CL55 AMG ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ed Bolian လို့အမည်ရတဲ့ အမေရိကန် လူငယ်က အမေရိကန်ကို အချိန်အတိုဆုံး ပတ်ပြီးမောင်းတဲ့ ဒရိုင်ဘာ တစ်ဦး အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ