တော့တင်ဟမ် ဟော့စပါးမှ ထွက်ခွာလိုသည်ဟု မိမိတစ်ခါမျှ မပြောခဲ့ဖူးကြောင်း တိုက်စစ်မှူး ယာမိန်းဒီဖိုးက ထုတ်ဖော် ပြောဆိုလိုက်သည်။
ယခုရာသီ ပရီးမီးယားလိဂ်တွင်
(၁)ပွဲသာ ပွဲထွက်ရပြီး ယူရိုပါလိဂ်တွင်သာ အဓိက ကစားနေရသည့် အင်္ဂလန်
လက်ရွေးစင်သည် ဇန်နဝါရီလတွင် ဝှိုက်ဟတ်လိန်းကို စွန့်ခွာဖွယ် ရှိနေကြောင်း
သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ သို့သော်လည်း ဒီဖိုး ကိုယ်တိုင်ကမူ ယင်းကို
ငြင်းဆန်ပြီး မိမိအနေဖြင့် အသင်းနှင့် လမ်းခွဲလိုကြောင်း လုံးဝ
မပြောဆိုခဲ့ဖူးသေးဟု တုံ့ပြန်ခဲ့သည်။ စပါးမန်နေဂျာ အန်ဒရီဗီးလက်စ်
ဘိုအာ့စ်သည် နွေရာသီတွင် အသစ်ခေါ်ယူထားသည့် စပိန်သား ရောဘတ်တို
ဆိုလ်ဒါဒိုကို ဦးစားပေး တိုက်စစ်မှူးအဖြစ် အသုံးပြုနေပြီး ဒီဖိုးကို
ဒုတိယဦးစားပေး အဆင့်သာ အသုံးပြုနေသည်။
အသက်(၃၁)နှစ်ရှိ ကစားသမားက
ပွဲကစားချိန် နည်းသည်ကိုမူ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဝန်ခံခဲ့သည်။
"ကျွန်တော် မျှော်လင့်သလောက် ပွဲများများ မကစားရတာကိုတော့
တကယ်စိတ်ပျက်မိပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ အခွင့်အရေး
သိပ်မရဘူးလေ"ဟု ၎င်းက Daily Expressသို့ ပြောကြားခဲ့သည်။ ဆက်လက်၍ ဒီဖိုးက
"လူတွေက ကျွန်တော့်ကို မေးကြမြန်းကြတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လို
စိတ်ပျက်မိတယ် ဆိုတာကို လူတိုင်းကို ပြောပြနေစရာ မလိုတော့ပါဘူး။ ဒါက
သာမန်အခြေအနေပါ။ ဘယ်သူမဆို ကျွန်တော် ဘောလုံးကစားရတာ၊ ဂိုးတွေ
သွင်းနေရတာကို ချစ်မြတ်နိုးမှန်း အသိပဲလေ"ဟုလည်း ဖွင့်ဟခဲ့သည်။
ဒီဖိုးက "ကျွန်တော် မန်နေဂျာဆီ သွားပြီးတော့ ကျွန်တော့်ကို ကစားခွင့်
ပေးပါလို့ တောင်းဆိုကောင်း တောင်းဆိုပါမယ်။ ဒါပေမယ့် အသင်း
ထွက်တော့မယ်လို့တော့ ဘယ်တော့မှ မပြောပါဘူး။ ကျွန်တော် စပါးကို ချစ်ပါတယ်။
ဒါကို လူတိုင်းလည်း သိပါတယ်"ဟု ပြောဆိုသွားသည်။
Soccer Myanmar
စပါးမှ ထွက်ခွာမည်ဟု မိမိလုံးဝ မပြောဆိုခဲ့ဖူးကြောင်း ဒီဖိုးပြောကြား
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin